နွေဦးတော်လှန်ရေးထဲကို မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ အင်နဲ့အားနဲ့ ရုတ်တရက် ဝင်ရောက် လာတာဟာ တော်လှန်ရေးအတွက် အားကြီးတစ်ခု ဖြစ်သလို အကြမ်းဖက် စစ်ကောင်စီအတွက် အရှိုက်ကို ထိုးနှက်ခံရသလို ဖြစ်နေပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ အောင်ပွဲတွေ အလီလီခံနေတဲ့ MNDAA - ကိုးကန့်၊ TNLA - တအာင်းနဲ့ AA - ရက္ခိုင့် တပ်တော်တို့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ပြည်သူအားလုံးက သောင်းသောင်းဖျဖျ ထောက်ခံကြိုဆိုတဲ့အပြင် NUCC ကလည်း ကြိုဆိုထောက်ခံထားပါတယ်။