နေရှင်နယ်လိဂ်လူငယ်ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီ၊ ဟံသာဝတီ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇတို့ နိုင်ပွဲရ

နေရှင်နယ်လိဂ်လူငယ်ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီ၊ ဟံသာဝတီ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇတို့ နိုင်ပွဲရ
ပွဲစဉ် ၂၅ ဧရာဝတီနှင့် ဇွဲကပင်အသင်းတို့ ကစားခဲ့စဉ်။   (ဓာတ်ပုံ - ဧရာဝတီယူနိုက်တက်)

အောက်တိုဘာ ၁၄၊ ရန်ကုန် ။      ။ ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၅ အပြီးတွင် ဧရာဝတီ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ မကွေး၊ ဟံသာဝတီ၊ ရန်ကုန်အသင်းတို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြသည်။

အောက်တိုဘာ ၁၂၊ ၁၃ ရက်များက ကစားခဲ့သည့် ပွဲစဉ် ၂၅ တွင် ဧရာဝတီအသင်းက ဇွဲကပင်အသင်းကို ၂-၁ ဂိုး၊ ဇေယျာ ရွှေမြေအသင်းက MFF Youth အသင်းကို ၁-၀ ဂိုး၊ ရန်ကုန်အသင်းက ချင်းယူနိုက်တက်အသင်းကို ၈-၀ ဂိုး၊ မကွေးအသင်းက မနောမြေအသင်းကို ၃-၁ ဂိုး၊ ဟံသာဝတီအသင်းက နေပြည်တော်အသင်းကို ၂-၀ ဂိုး၊ ကမ္ဘောဇအသင်းက ရခိုင်ယူနိုက် တက်အသင်းကို ၂-၁ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရခဲ့ကြသည်။

ရခိုင်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့် ကမ္ဘောဇလူငယ် အသင်းမှာ လေးပွဲဆက် နိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါလေးပွဲအနက် လက်ရှိချန်ပီယံရန်ကုန်အသင်းကိုလည်း ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲစဉ် ၂၅ အပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ရန်ကုန်အသင်း က ရမှတ် ၅၇ မှတ်၊ အဆင့် ၂ နေရာတွင် ရတနာပုံအသင်းက ရမှတ် ၅၁ မှတ်နှင့် အဆင့် ၃ နေရာတွင် MFF Youth အသင်းက ရမှတ် ၄၀ မှတ်ဖြင့် ရပ်တည်နေသည်။ နေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်၂၆ နောက်ဆုံးပွဲစဉ်ကို လာမည့် အောက်တိုဘာ ၁၉၊ ၂၀ ရက်များ တွင် ဆက်လက်ကစားမည်ဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်၊ ပဒုမ္မာကွင်းတွင် ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်း၊ စလင်းကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် မကွေးအသင်း၊ YUSC ကွင်းတွင် ရန်ကုန်အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ ကစားမည်ဖြစ်သည်။

အောက်တိုဘာ ၂၀ ရက် ပဒုမ္မာကွင်းတွင် ကမ္ဘောဇအသင်းနှင့် ရတနာပုံအသင်း၊ နေပြည်တော်အသင်းနှှု့် မနောမြေအသင်း၊ ချင်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့ ကစားကြမည်ဖြစ်သည်။

သို့သော် ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် နေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံဆုရထားသည့် ရန်ကုန်အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ကစားမည့်ပွဲစဉ်မှာ ရက်နှင့်ကွင်း အပြောင်းလဲ ပြုလုပ်ဖွယ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required