ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းနိုင်ငံသားတဦး ပိုင်ဆိုင်တဲ့ အထည်ချုပ်စက်ရုံတရုံမှာ လုပ်ခလစာ မရဘဲ မတရား ခိုင်းစေကာ ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို အောက်တိုဘာ ၁၀ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများ ကူညီပေးရေး (MHAC) မဟာမိတ်အဖွဲ့ဆီက သိရပါတယ်။
မြန်အမျိုးသမီး ၁၀ ဦးဟာ မတရားအလုပ် ခိုင်းစေခံနေရမှုတွေကြောင့် M.H.A.C ကိုရဲမင်းမဟာမိတ်အဖွဲ့ထံ ဆက်သွယ် အကူအညီတောင်းခံခဲ့ရာကနေ M.H.A.C အဖွဲ့က ထိုင်းနိုင်ငံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး သက်သေအချက်အလက်တွေကို စုဆောင်းကာ ကူညီကယ်ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။
တင်ဆက်/တည်းဖြတ်- ကိုရွှေမြိတ်