စစ်တပ်အကြီးအကဲသစ်ကို မဝေဖန်ရန် ပါကစ္စတန် PTI ပါတီအကြီးအကဲက ပါတီခေါင်းဆောင်များကို ညွှန်ကြား

By The Print
06 December 2022
စစ်တပ်အကြီးအကဲသစ်ကို မဝေဖန်ရန် ပါကစ္စတန် PTI ပါတီအကြီးအကဲက ပါတီခေါင်းဆောင်များကို ညွှန်ကြား

ပါကစ္စတန်နိုင်ငံတွင် မကြာသေးခင်ကမှ ရာထူးတာဝန် စယူသည့် စစ်တပ်အကြီးအကဲသစ်ကို ဝေဖန်ခြင်း မပြုရန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီ အကြီးအကဲ၊ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ပါတီခေါင်းဆောင်များကို ဒီဇင်ဘာ ၂ ရက်တွင် ညွှန်ကြားလိုက်သည်။

စစ်တပ်အကြီးအကဲသစ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာဆင် မူနီယာအပေါ် ဝေဖန်မှု မပြုလုပ်ရန် ခန်းက သူ၏ ပါတီမှ ပါတီခေါင်းဆောင်များနှင့် လူမှုမီဒီယာအဖွဲ့ကို ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း The News International မီဒီယာက ဖော်ပြသည်။

အီမရန် ခန်း၏ အဆိုပါ ညွှန်ကြားချက်က စစ်တပ်အဖွဲ့အစည်းနှင့် မပြေပြစ်ခဲ့သည့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်မည့် ပါတီ၏ ကြိုးပမ်းအားထုတ်မှုကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခံရပြီးနောက် အီမရန် ခန်းသည် သူ၏ အစိုးရ ဖယ်ရှားခံရခြင်းအတွက် စစ်တပ်အပေါ် ထပ်တလဲလဲ ဝေဖန်တိုက်ခိုက်ထားခဲ့သူဖြစ်သည်။

စစ်တပ်အကြီးအကဲ အပြောင်းအလဲမဖြစ်ခင် ယခင်စစ်တပ်အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာဂျ်ဝါ ဦးဆောင်မှုအောက်ရှိ စစ်တပ်၏ ကြားနေရေးဝါဒအပေါ် ခန်းက ဝေဖန်ခဲ့သလို လက်ရှိအစိုးရကို ဖယ်ရှားရန်နှင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ဆောင်ပေးရန် စစ်တပ်ကို ထပ်တလဲလဲ တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly