ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ်က တရုတ်ဝန်ကြီးခရီးစဉ်တွင် နိုင်ငံရေးကို မကစားရန် အတိုက်အခံများကို သတိပေး

ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ်က တရုတ်ဝန်ကြီးခရီးစဉ်တွင် နိုင်ငံရေးကို မကစားရန် အတိုက်အခံများကို သတိပေး

ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ချိန်တွင် နိုင်ငံရေး မကစားရန် အတိုက်အခံများကို သတိပေးခဲ့ပြီး တရုတ်သည် အဓိက ကုန်သွယ် ရေး မိတ်ဖက်နှင့် ဓာတ်ငွေ့တင်ပို့မှုတွင် အများဆုံး ဝယ်ယူသူဖြစ်ကြောင်း မှတ်ချက်ပြုလိုက်သည်။

ဒေသတွင်းတွင် တရုတ်၏ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး စိုးရိမ်မှုများဖြစ်ပေါ်စေသည့် ဒေသတွင်း ၈ နိုင်ငံ ခရီးစဉ်၏ နောက်ဆုံးရက်များတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်ပါပူဝါနယူးဂီနီ နိုင်ငံခြားရေး ဝန်ကြီး နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးနောက် ဝန်ကြီးချုပ် ဂျိမ်းမာရာပီနှင့် ဇွန် ၃ရက်တွင် တွေ့ဆုံခဲ့သည်။

တရုတ်က မေ ၃၀ရက် အစည်းအဝေးတွင် လုံခြုံရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဒေသလုံးဆိုင်ရာ သဘော တူညီချက်တစ်ရပ်ကို ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံနှင့် သဘောတူညီမှု မရခဲ့ပေ။

နိုင်ငံအများအပြားက အလျင်စလိုဖြစ်လွန်းသည်ဟု ပြောကြားကြပြီး ကျယ်ပြန့်သော ဒေသဆိုင်ရာ ဆွေးနွေး မှုများ ပြုလုပ်လိုပြီး အချို့နိုင်ငံများက တရုတ်နှင့် မဟုတ်ဘဲ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိထားသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်သည် ယင်းခရီးစဉ်တွင် အခြေခံအဆောက်အအုံ၊ ငါးဖမ်းလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရဲတပ်ဖွဲ့သုံးပစ္စည်းများဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်များကို ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်း သဘောတူညီချက်အတွက် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဇွန် ၃ရက်က ပါပူဝါနယူးဂီနီနိုင်ငံ၏ မြို့တော် ပို့မိုရက်ဘီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ် က လုံခြုံရေး သဘောတူညီချက်ကို အမိအရလိုချင်ကြောင်းပြောကြားချက်ကို ဝမ်က ငြင်းဆိုခဲ့ပြီး ယင်းသဘော တူညီချက်နှင့် ပတ်သက်၍ သတင်းများကို “မမှန်မကန်သတင်းများ” ဟု ခေါ်ဆိုခဲ့သည်။

'တရုတ်က တောင်ပစိဖိတ်ဒေသမှာ လမ်းတွေတံတားတွေ ဆောက်ပြီး ပြည်သူတွေရဲ့ဘဝတွေ မြှင့်တင်ဖို့ဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ စခန်းချဖို့ ဒါမှမဟုတ် စစ်အခြေစိုက်စခန်းတွေ ဆောက်ဖို့ မဟုတ်ပါဘူး' ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၎င်းကို ကိုးကားဖော်ပြထားသည်။

ပါပူဝါနယူးဂီနီမှ ထုတ်လုပ်သည့် ဓာတ်ငွေ့အားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်ကို တရုတ်က ဝယ်ယူနေပြီး နောက်ထပ် ဝယ်ယူရန် ကတိကဝတ်ပြုထားကြောင်း ၎င်းက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required