မေ ၂၂
စစ်ကောင်စီတပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်တိုင်းခေါင်းဆောင်တစ်ဦးကို လှည်ကူးမြို့တွင် ယနေ့ နံနက်အစောပိုင်းက ဖမ်းဆီးသွားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရေးမှူး ဦးစိုးမြင့်ထိန်ကို သူရှောင်တိမ်းနေသော လှည်းကူးရှိခြံဝင်းတစ်ခုတွင် နံနက် ၅ နာရီခွဲတွင် ဖမ်းမိသွားခဲ့ခြင်းဖြစ်သည်။
" တညလုံး ခြံပတ်လည်ကိုဝိုင်းထားပီး မနက် ၅ ခွဲကျော် မှ အင်အားအများကြီး ဝင်ဖမ်းတာ" ဟု ဦးစိုးမြင့်ထိန်၏ ညီတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ခြံထဲမှာရှိနေသည့် ဦးစိုးမြင့်ထိန်၊ သူ၏ဇနီးနှင့် ကိုသိန်းလွင်ဆိုသူတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ကျန်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကိုသိန်းလွင်ကို ရဲစခန်းသို့ ခေါ်သွားပြီး စစ်ဆေးမှုများပြုပြီး ရိုက်နှက်မှုလည်းရှိခဲ့သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမြင့်ထိန်သည် အဖမ်းမခံရခင်အထိ ဆင်းရဲနွမ်းပါတဲ့သူများကို ကူညီထောက်ပံ့နေသူဖြစ်သည်။
သူသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အဖမ်းခံရပြီး ထောင်ထဲတွင် ငါးနှစ်ဝန်းကျင်နေခဲ့ရဖူးသည်။