နိုဝင်ဘာ ၇ ။ ။ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာတော့ ဒီမိုကရက်တစ်ပါတီဝင် အမတ်တွေက ကွန်ဂရက်ရဲ့ အောက်လွှတ်တော်ကို နေရာအများအပြားနဲ့ အနိုင်ရပြီး
ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါပြီ။
ဒါပေမယ့်လည်း ထရမ့်အတွက် အသက်ရှုချောင်စေခဲ့တာကတော့ ၎င်းရဲ့ ရီပတ်ဘလစ်ကန် အမတ်တွေက အထက်လွှတ်တော် ဆိနိတ်မှာ နေရာအများအပြားနဲ့ ဆက်လက်ထိန်းချုပ် ထားနိုင်ခဲ့ပါတယ်။
ဆိနိတ်မှာ ရီပတ်ဘလစ်ကန်တွေ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် ဒါဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုဖြစ်တယ်လို့ ထရမ့်ကတော့ အမွှမ်းတင်သွားခဲ့ပါတယ်။
ဒါပေမယ့် အောက်လွှတ်တော်မှာတော့ ရှစ်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်တစ်တွေ ကိုယ်စားလှယ်နေရာ အများအပြားနဲ့အနိုင်ရခဲ့တာကြောင့် ဒါဟာ သမ္မတ ထရမ့်ရဲ့ လုပ်ဆောင်မှု အစီအစဉ်တွေကို ဟန့်တားနိုင်တော့မယ့် အခြေအနေ ဖြစ်ပေါ်လာစေခဲ့ပြီဖြစ်ပါတယ်။
ယခု အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲကတော့ လက်ရှိသမ္မတ ထရမ့်အပေါ် လူထုထောက်ခံမှု ဘယ်လိုအခြေအနေ ရှိသလဲ ဆန်းစစ်နိုင်မယ့် ပြည်သူ
သဘောဆန္ဒခံယူပွဲတစ်ခုအဖြစ် ရှုမြင်နိုင်တယ်လို့လည်း သိရပါတယ်။