မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် တနင်္ဂနွေနေ့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မစ်ဒယ်ဘရော့နဲ့ပွဲကို လွှဲချော်လိမ့်မယ်လို့ သိရပါတယ်။
ပြစ်သစ်ကစားသမား ပေါ့ဘာဟာ ယမန်နေ့ညက ရော့စတော့ဗ်နဲ့ ယူရိုပါလိဂ်ပွဲစဉ် ဒုတိယပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့ပြီး ဖယ်လေနီနဲ့ လူစားလဲခဲ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားဟာ နိုင်ငံတကာပွဲတွေဖြစ်တဲ့ လူဇင်ဘတ်နှင့် စပိန်အသင်းတို့ရဲ့ ပွဲစဉ်တွေကိုလည်း လွှဲချော်နိုင်ဖွယ်ရှိတယ်လို့ ခန်းမှန်းထားပါတယ်။
ယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုအနေနဲ့ ပေါ့ဘာ ဘယ်လောက်ကြာကြာ နားရမလဲဆိုတာကတော့ မပြောဆိုနိုင်ပါဘူး။
ပေါ့ဘာဟာ သုံးပတ်လောက် အနားယူရမှာလားလို့ မေးမြန်းရာ မော်ရင်ဟိုက "အင်း၊ ကျနော် အသေအချာတော့ မသိဘူး။ ဒါပေမယ့် သေချာတာကတော့ မစ်ဒယ်ဘရော့နဲ့ နိုင်ငံအသင်းပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူး"လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ကမ္ဘာ့စျေးအကြီးဆုံးကစားသမား ပေါ့ဘာဟာ ဒီရာသီ ယူနိုက်တက်အသင်းအတွက် ၄၁ ပွဲကစား၊ ၅ ကြိမ်ဖန်တီးပြီး ရ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်က သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် ဝေဖန်ခံခဲ့ရပါတယ်။
Ref; BBC Sports