တေးသံရှင်လင်းလင်း ရိုက်ကူးထားတဲ့ The Way ရုပ်ရှင်ကို စက်တင်ဘာ ၂၃ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြသခဲ့ပြီး လက်မှတ်အစောင်ရေ ၁၄၀၀ ကျော် ရောင်းချနိုင်ခဲ့ကာ ရုပ်ရှင်ရုံအပြည့် လာရောက်အားပေးခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အခုရုပ်ရှင်ပွဲက ရရှိလာတဲ့ ငွေကြေးအကျိုးအမြတ်တွေအားလုံးကို The Way အဖွဲ့အစည်းကိုပေးအပ်သွားမည်ဖြစ်ပြီး အဲဒီအဖွဲ့ကတဆင့် မြေပြင်ရှိလိုအပ်တဲ့ နေရာတွေ ရောက်ရှိသွားမယ်လို့ ဆိုပါတယ်။
တင်ဆက်= ရွှေနွယ်
တည်းဖြတ်= မဇ္ဈိမ