စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လူးဝစ် ရူဘီယာလက်စ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့ ကြာသပတေးနေ့မှာ အမှုဖွင့်လိုက်ပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်က အင်္ဂလန်ကို အနိုင်ရပြီးနောက် ရူဘီယာလက်စ်ဟာ စပိန်တိုက်စစ်မှူး ဂျနီ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တာကြောင့်ပါ။
သူဟာ နောက်ဆုံးပွဲသိမ်းဝီစီမှုတ်ချိန်မှာ အောင်ပွဲခံရင်း မဖွယ်မရာလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီလုပ်ရပ်တွေဟာ ရိုင်းစိုင်းတဲ့ အပြုအမူနဲ့ သန့်ရှင်းတဲ့ ကစားပွဲနဲ့ ပတ်သက်လို့ ယင်းစည်းကမ်းဥပဒေပါ ပုဒ်မ ၁၃ ကို ချိုးဖောက်ခြင်းရှိမရှိကို ဖီဖာက ရှာဖွေကြည့်ရှုမှာဖြစ်ပါတယ်။
စပိန်အမျိုးသမီးဘောလုံးလိဂ် Liga F ကလည်းရူဘီယာလက်စ်ကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အသက် ၄၆ နှစ်ရှိ ရူဘီယာလက်စ်ဟာ မတောင်းပန်ခင် အစပိုင်းမှာ သူ့ရဲ့ ဝေဖန်ခံရမှုတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သူ့ရဲ့အပြုအမူအပေါ် ဝေဖန်မှုတွေက လျော့ပါးသွားခြင်းမရှိပါဘူး။
Ref; AFP/BBC