မနီလာ၊ ဇွန်-၃၀ ။ ။ ဖိလစ်ပိုင်ဘဏ်များမှာ စီးပွားရေးကို ဘဏ္ဍာရေးကဏ္ဍမှလာသည့် အားနည်းချက်များမှ ကာကွယ်ရန် ပုံစံထုတ် ထားသော နိုင်ငံတကာ လုပ်ထုံးလုပ် နည်းအသစ်များနှင့် အညီ အောင်မြင်စွာ အလုပ်လုပ်နိုင်ရန် ဒေသတွင်းတွင် အကောင်း ဆုံးအနေအထားတွင် ရှိနေသည်ဟု နိုင်ငံတကာ ကြွေးစောင့်ကြည့်သည့်အဖွဲ့အစည်း Moody’s Investor Service က ဇွန်၂၉ရက်နေ့က ပြောကြားခဲ့သည်။
ပြည်တွင်း ကွပ်ကဲရေးမှူးများမှာလည်း ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် ဒေသတွင်းပြိုင်ဘက် အများစု၏ရှေ့ ကိုရောက်နေပြီး၊ ပြည်တွင်းဘဏ်များမှာလည်း နိုင်ငံတကာအဖွဲ့အစည်းများက သဘောတူအတည်ပြုထား သည်များထက် ပိုမိုသော အတင်းကျပ်ဆုံး စည်းမျဉ်းတွေကိုပင် အခက်အခဲမရှိ လိုက်နာနိုင်ကြသည်ကို တွေ့ရသည်ဟုဆိုသည်။
‘အဆင့်အတန်းရှိတဲ့ ဖိလစ်ပိုင်ဘဏ်တွေဟာ ဒေသတွင်းမှာတော့ ငွေဖြစ်အလွယ်ဆုံးတွေထဲမှာ ပါဝင်နေပါတယ်’’ဟု Moody’s က အရှေ့တောင်အာရှဘဏ်များ၏ Basel III စည်းမျဉ်းကို လိုက်နာမှုနဲ့ပတ်သက်သည့် ဇွန် ၂၉ရက်နေ့က အစီရင်ခံစာတွင် ရွေးထုတ်ပြထားသည်။
ဒေသတွင်းက Moody’s အဆင့်ရှိ ဘဏ်တွေဟာ ငွေလုံးငွေရင်း တောင့်တင်းပြီး Basel III စည်းမျဉ်းအရ မြင့်မားတဲ့ အနည်း ဆုံးငွေပင်ငွေရင်း လိုအပ်ချက်တွေကို ပြည့်မှီနိုင်ကြပါတယ်ဟု အရှေ့တောင်အာရှဘဏ်များနဲ့ ပတ်သက်တဲ့ အဆိုပါ အစီရင်ခံစာ မှာ ပြောကြားခဲ့သည်။
ဒီအစီရင်ခံစာအရ ဖိလစ်ပိုင်မှာ ၎င်း၏ပြိုင်ဘက်များကို အဘက်ဘက်တွင် ဦးဆောင်နေသည်။ ဖိလစ်ပိုင်ဘဏ်များမှာ နည်းဆုံး ဆုံးရှုံးနိုင်ခြေရှိဓနဥစ္စာအချိုး ၇.၅ရာခိုင်နှုန်းနှင့် ညီမျှသော ပုံမှန်ရှယ်ယာ (သို့မဟုတ်) tier 1 အရင်းအနှီးကို ထိန်းသိမ်းထားရန် လိုအပ်နေသည်။ သို့ရာတွင် Basel III လုပ်ထုံးလုပ်နည်းအောက်တွင် ကမ္ဘာလုံးဆိုင်ရာ ဘေဆယ်ကော်မတီက သဘောတူ အတည်ပြုထားသော စည်းမျဉ်းအရမူ ဘဏ်တွေအနေနဲ့ အရင်းအနှီးလုံလောက်မှုအချိုး (capital adequacy ratio-CAR)ကို ၆ရာခိုင်နှုန်းပဲ ထိန်းသိမ်းထားဖို့ လိုအပ်သည်။
သို့ရာတွင် ပုံမှန်ရှယ်ယာ၏ အရှုံးအင်္ဂါရပ်တွေရှိသည့် ကြွေးဆန်သော အာမခံများပါဝင်နေသည့် ဖိလစ်ပိုင်၏ CAR လိုအပ်ချက်ကို ၁၀ရာခိုင်နှုန်းအထိ သတ်မှတ်ထားသောကြောင့် Basel က အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ လိုက်နာဖို့ သတ်မှတ်ထား သည့် ၈ရာခိုင်နှုန်းထက် မြင့်မားနေသည်။