မတ် ၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၆၁ ရက်မြောက် အဖြစ် ယနေ့ မတ်လ ၆ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။
“တောင်ယာခုတ်ဓါး ညီစေသားဟေ့” ဆိုသည့် စာတမ်းကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ကာ စစ်အာဏာရှင်စနစ် ဆန်ကျင်ရေးတရား ဟောပြောခဲ့ကြသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
#MizzimaTV
#ရွာပေါင်းစုံ သပိတ် စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ