ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update

12 August 2019
ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
ရာသီဥတု အကြပ်အတည်း - နိစ္စဓူဝ

မြန်မာ့လူမှုအဖွဲ့အစည်းမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ ...
မကြာခဏဆိုသလို တွေ့နေရ မြင်နေရတာတွေ ...
ဒီအကြောင်းအရာတွေကို "နိစ္စဓဝစကားဝိုင်း" မှာ အပတ်စဉ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ခုတစ်ပတ်မှာတော့ ရာသီဥတုအကြပ်အတည်းနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာပါ။
ရာသီဥတုပြောင်းလဲမှုတွေဟာ ..
သဘာဝဘေးအန္တရာယ်တွေဟာ ...
နေ့စဉ်လူမှုဘဝကို ဘယ်လောက်ထိ ရိုက်ခတ်စေပါသလဲ ... ဘယ်လိုအဖြေမျိုး တွေ့ရမလဲ ကြည့်ကြရမှာပါ။

ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့၊ ည ၇ နာရီခွဲမှာ #MizzimaTV အခမဲ့ဒစ်ဂျစ်တယ်လ်ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပေးနေပါတယ်။
 

ရေးမြို့နယ် ရေဘေး လူဦးရေ ခြောက်ထောင်ကျော်ကို ကယ်ဆယ်ထား

ရေး၊ သြဂုတ်လ ၁၂ ။           ။ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေကြီးရေလျံှဖြစ်ပွားမှုကြောင့် ရပ်ကွက်အများစု ရေနှစ်မြုပ်ခဲ့သဖြင့် လူဦးရေ ၆၃၈၀ ကိုကယ်ဆယ်ထားကြောင်း ရေးမြို့နယ် အုပ်ချပ်ရေးမှူး ဦးကံဝင်း က ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59555

ရေးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၂၀၀၀ ခန့် ရေဘေးသင့်နေ

ရေး၊ သြဂုတ် ၁၁ ။        ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သြဂုတ် ၁၀ ရက်နေ့ညပိုင်းက  မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ တောင်ကျရေ စီးဆင်းမှု ၊ ရေးမြစ်ရေ မြင့်တက် မှုတို့ကြောင့် ရေးမြို့နယ်အတွင်းရှိ အိမ်ခြေ ၁၅၀၀ ခန့် နှင့် လူဦးရေ ၂၀၀၀ ခန့် ရေဘေးသင့်နေကြောင်း သိရသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59541

 

Photo: AFP
Photo: AFP
တောင်မြေပြိုသောနေရာတွင် ထပ်မံပြိုကျနိုင်သည့် အလားအလာရှိ

သြဂုတ် ၁၁ ။          ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမဘေးရှိ ကုလားမတောင်တန်း၏ မလတ်တောင်ပြိုကျမှုကြောင့် သဲဖြူကုန်းကျေးရွာသို့ မြေများပိမိခဲ့ရာ ထပ်မံပြိုကျနိုင်သည့် ဟု ပညာရှင်များက လေ့လာသုံးသပ်ထားကြောင်း ပေါင်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း က ပြောသည်။ သတင္းအျပည့္အစုံ - http://www.mizzimaburmese.com/article/59544