ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
![](https://mizzimaburmese.com/sites/default/files/styles/news_category_large_image/public/livefeed-img/revised-death-toll-at-53-after-landslide-in-mon-state.jpg?itok=UztSqLdB)
မြန်မာ့လူမှုအဖွဲ့အစည်းမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ ...
မကြာခဏဆိုသလို တွေ့နေရ မြင်နေရတာတွေ ...
ဒီအကြောင်းအရာတွေကို "နိစ္စဓဝစကားဝိုင်း" မှာ အပတ်စဉ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ခုတစ်ပတ်မှာတော့ ရာသီဥတုအကြပ်အတည်းနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာပါ။
ရာသီဥတုပြောင်းလဲမှုတွေဟာ ..
သဘာဝဘေးအန္တရာယ်တွေဟာ ...
နေ့စဉ်လူမှုဘဝကို ဘယ်လောက်ထိ ရိုက်ခတ်စေပါသလဲ ... ဘယ်လိုအဖြေမျိုး တွေ့ရမလဲ ကြည့်ကြရမှာပါ။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့၊ ည ၇ နာရီခွဲမှာ #MizzimaTV အခမဲ့ဒစ်ဂျစ်တယ်လ်ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပေးနေပါတယ်။
![](https://mizzimaburmese.com/sites/default/files/styles/live_feed_image_style/public/livefeed-img/flood_in_yee.jpg?itok=J38mbLWH)
ရေး၊ သြဂုတ်လ ၁၂ ။ ။ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေကြီးရေလျံှဖြစ်ပွားမှုကြောင့် ရပ်ကွက်အများစု ရေနှစ်မြုပ်ခဲ့သဖြင့် လူဦးရေ ၆၃၈၀ ကိုကယ်ဆယ်ထားကြောင်း ရေးမြို့နယ် အုပ်ချပ်ရေးမှူး ဦးကံဝင်း က ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59555
![](/files/uploads/img/2020/AUG20/middle-banner-a.jpg)
![](https://mizzimaburmese.com/sites/default/files/styles/live_feed_image_style/public/livefeed-img/flood_in_mon_0.jpg?itok=HF8N1mEe)
ရေး၊ သြဂုတ် ၁၁ ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သြဂုတ် ၁၀ ရက်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ တောင်ကျရေ စီးဆင်းမှု ၊ ရေးမြစ်ရေ မြင့်တက် မှုတို့ကြောင့် ရေးမြို့နယ်အတွင်းရှိ အိမ်ခြေ ၁၅၀၀ ခန့် နှင့် လူဦးရေ ၂၀၀၀ ခန့် ရေဘေးသင့်နေကြောင်း သိရသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59541
![Photo: AFP](https://mizzimaburmese.com/sites/default/files/styles/live_feed_image_style/public/livefeed-img/mon-landslide-afp.jpg?itok=EBjyeXKg)
သြဂုတ် ၁၁ ။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမဘေးရှိ ကုလားမတောင်တန်း၏ မလတ်တောင်ပြိုကျမှုကြောင့် သဲဖြူကုန်းကျေးရွာသို့ မြေများပိမိခဲ့ရာ ထပ်မံပြိုကျနိုင်သည့် ဟု ပညာရှင်များက လေ့လာသုံးသပ်ထားကြောင်း ပေါင်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း က ပြောသည်။ သတင္းအျပည့္အစုံ - http://www.mizzimaburmese.com/article/59544