ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update

12 August 2019
ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
နိုင်ငံတစ်ဝှမ်း ရေဘေးကြောင့်နေရပ်စွန့်ရသူ ရှစ်သောင်းကျော်အထိရှိ

မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် နေရပ်စွန့်ခွာရသူ လူရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှသိရသည်။

သြဂုတ် ၁၁ ရက်နေ့အထိစာရင်းများအရ ပဲခူးတိုင်းရှိ မိုးညို၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ပဲခူးမြို့ တို့တွင် အိမ်ထောင်စု ၄၁၀၀ ကျော် နှင့် လူဦးရေ ၂၀၃၀၀ ကျော်၊ မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်မရော၊ သထုံ၊ သံဖြူဇရပ်၊ ရေး၊ မော်လမြိုင်၊ ပေါင်မြို့တို့တွင် အိမ် ထောင်စု ၆၂၀၀ ကျော်နှင့် လူဦးရေ ၂၆၁၀၀ ကျော်တို့ဖြင့်အများဆုံးဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59558

တည်းဖြတ် - စိုးသူအောင်
 

တနင်္သာရီ မြစ်မကြီးအတွင်း ရေကာတာ စီမံကိန်း တည်ဆောက်မည့် အစီအစဉ် ဒေသခံများ စိုးရိမ်

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ မြစ်ရိုး တလျှောက်တွင် ရေအား လျှပ်စစ် ထုတ်လုပ်ရန် ရေကာတာ စီမံကိန်း တည်ဆောက်ရန် အစီအစဉ်ကို ဒေသခံ တချို့က စိုးရိမ် ပူပန်းမှု ရှိနေသည်ဟု သြဂုတ်လ ၁၂ ရက်နေ့က`စွမ်းအင် အတွက် ကျွန်ုပ်တို့၏ ဆာလောင်ခြင်း`ဟု ခေါင်းစဉ်ဖြင့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ်ကွက်တွင် မိတ်ဆက် ပြုလုပ်ခဲ့ကြောင်း သိရ သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59569

မာရ်အောင် ကျေးရွာ ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်နေ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ မာရ်အောင် ကျေးရွာတွင် အိမ်ထောင်စု ၁၃၅ စုမှ လူဦးရေ ၇၃၈ ဦး ရေဘေးသင့်ခဲ့ပြီး ကူညီကယ်ဆယ်ရေးများလိုအပ်နေသည်။ ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက်နေ့ ညပိုင်း က မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် တောင်ကျရေ ကျဆင်းခဲ့သဖြင့် မာရ်ေအောင် ကျေးရွာ အတွင်း သို့ ရေများဝင်ရောက်ခဲ့ပြီး ဒေသခံများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်သည်။

Photo: MOI
Photo: MOI
မြန်မာ့သဘာဝဘေးအတွက် ဂျပန်နှင့် ကိုရီးယားတို့မှ ဆန်တန်ချိန် ၈၀၀ လှူဒါန်း

ရန်ကုန်၊ သြဂုတ် ၁၂ ။                 ။ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအတွင်း ထိခိုက်နစ်နာသောပြည်သူများအားထောက်ပံ့ရန် ဂျပန်နှင့် ကိုးရီးယားနိုင်ငံတို့မှ အရံဆန်တန်ချိန် ၈၀၀ ကိုလှူဒါန်းခဲ့ကြောင်း အစိုးရမှသတင်းထုတ်ပြန်သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59561

ဓာတ်ပုံ-Sai Aung MAIN/AFP
ဓာတ်ပုံ-Sai Aung MAIN/AFP
နိုင်ငံတစ်ဝှမ်း ရေဘေးကြောင့် နေရပ်စွန့်ရသူ ရှစ်သောင်းကျော်အထိရှိ

ရန်ကုန်၊ သြဂုတ် ၁၂ ။          ။ မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် နေရပ်စွန့်ခွာရသူ လူရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှသိရသည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59558