ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
သဘာဝဘေး ဒဏ်ခံရသော ဒေသများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ် လှူဒါန်းရန်နှင့် ဝမ်းနည်းကြောင်းအဆိုတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက တင်သွင်းခဲ့သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59586
မြိတ်၊ သြဂုတ် (၁၃) ။ ။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေကြီးရေလျှံခြင်း လမ်းတံတားများ ပျက်စီး နေခြင်းတို့ကြောင့် အခြေခံ စားသောက်ကုန်များ၏ စျေးနှုန်း မြင့်တက်မှုမရှိစေရန် သက်ဆိုင်ရာမှ ကုန်သည် များကို မေတ္တာရပ်ခံကာ ကုန်စျေးနှုန်းတည်ငြိမ်မှု ရှိစေရန် ထိန်းညှိဆောင်ရွက်ထားကြောင်း သိရ သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59580
မြေပြိုမှုအပေါ် ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးဥက္ကဋ္ဌတို့၏ ပြောဆိုချက်။
မွန်ပြည်နယ် မြေပြိုမှုသည် သြဂုတ် ၁၂ ရက် ညနေပိုင်းထိ ၅၉ လောင်း ရှာဖွေတွေ့ရှိထားပြီး ယနေ့ ၄ ရက်မြောက်နေ့ ဖြစ်သည်။
သြဂုတ် ၉ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် လူ ၂၉ ဦးကို ကယ်ဆယ်ထားနိုင်သည်။
ရိုက်ကူး-နွန်နွန်
မွန်ပြည်နယ်ရေးမြိုနယ် အတွင်းရှိ မာရ်အောင်ကျေးရွာ ကံလှကျေးရွာ ကင်းမွန်ကျေးရွာ ဖားကြီးကျေးရွာ အဒိန်းကျေးရွာ မှလူဦးရေ ၂၁၃၄ ဦးရေဘေးသင့်ချဲ့ကြာင်းသိရသည်။
သြဂုတ်လ ၉ ရက်နေနှင့် ၁ဝရက်နေ့ များတွင် မိုးသည်းထန်စွာိရွာသွန်းမှုနဲ့အတူ တောင်ကျရေ များဝင်ရောက်ခြင်း မြစ်ရေမြှင့်တက်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့သည်။
ရိုက်ကူး - ထွန်းထွန်းဝင်း၊ တင်ဆက် - ဇေယျာမော်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59575
မွန်ပြည်နယ် ရေးမြို့နယ််အတွင်းရှိ ကျောင်းရွာစံပြကျေးရွာတွင် ရေဘေးသင့်သူ ၈၃၀၊ ကံလှရွာတွင် ရေဘေးသင့်သူ ၄၄၇ ဦး၊ ကင်းမွန်ရွာတွင် ရေဘေးသင့်သူ ၈၇ ဦး ဖားကြီး ရွာတွင်ရေဘေးသင့်သူ ၂၈ ဦး၊ အဒိန်းခြံစုရွာတွင် ရေဘေးသင့်သူ လေး ဦးဖြင့် စုစုပေါင်း လူဦးရေ ၁၃၉၆ ဦးရေဘေးသင့်ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှ သြဂုတ်လ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တာကာလအတွင်း မိုးကြီးခြင်းနှင့်အတူ တောင်ကျရေများစီးဆင်းခြင်း ကြောင့် ရေများဝင်ရောက်ခဲ့ခြင်းဖြစ်သည်။