ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update

12 August 2019
ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
သဘာဝဘေးဒဏ်ခံရသော ဒေသများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက် စရိတ်များ လှူဒါန်း

သဘာဝဘေး ဒဏ်ခံရသော ဒေသများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ် လှူဒါန်းရန်နှင့် ဝမ်းနည်းကြောင်းအဆိုတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက တင်သွင်းခဲ့သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59586

ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေ၍ အခြေခံစားသောက်ကုန်များ စျေးနှုန်း မတက်ရန် မေတ္တာရပ်ခံ

မြိတ်၊ သြဂုတ် (၁၃) ။        ။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေကြီးရေလျှံခြင်း လမ်းတံတားများ ပျက်စီး နေခြင်းတို့ကြောင့် အခြေခံ စားသောက်ကုန်များ၏ စျေးနှုန်း မြင့်တက်မှုမရှိစေရန် သက်ဆိုင်ရာမှ ကုန်သည် များကို မေတ္တာရပ်ခံကာ ကုန်စျေးနှုန်းတည်ငြိမ်မှု ရှိစေရန် ထိန်းညှိဆောင်ရွက်ထားကြောင်း သိရ သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59580

မွန်ပြည်နယ်မြေပြိုမှု သြဂုတ် ၁၂ ရက်အခြေအနေ

မြေပြိုမှုအပေါ် ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးဥက္ကဋ္ဌတို့၏ ပြောဆိုချက်။

မွန်ပြည်နယ် မြေပြိုမှုသည် သြဂုတ် ၁၂ ရက် ညနေပိုင်းထိ ၅၉ လောင်း ရှာဖွေတွေ့ရှိထားပြီး ယနေ့ ၄ ရက်မြောက်နေ့ ဖြစ်သည်။

သြဂုတ် ၉ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် လူ ၂၉ ဦးကို ကယ်ဆယ်ထားနိုင်သည်။

ရိုက်ကူး-နွန်နွန်

မာရ်အောင်ကျေးရွာအပါအဝင် ကျေးရွာ၆ စု လူဦးရေ ၂ထောင် ကျော် ရေဘေးသင့်

မွန်ပြည်နယ်ရေးမြိုနယ် အတွင်းရှိ မာရ်အောင်ကျေးရွာ ကံလှကျေးရွာ ကင်းမွန်ကျေးရွာ ဖားကြီးကျေးရွာ အဒိန်းကျေးရွာ မှလူဦးရေ ၂၁၃၄ ဦးရေဘေးသင့်ချဲ့ကြာင်းသိရသည်။
သြဂုတ်လ ၉ ရက်နေနှင့် ၁ဝရက်နေ့ များတွင် မိုးသည်းထန်စွာိရွာသွန်းမှုနဲ့အတူ တောင်ကျရေ များဝင်ရောက်ခြင်း မြစ်ရေမြှင့်တက်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့သည်။

ရိုက်ကူး - ထွန်းထွန်းဝင်း၊ တင်ဆက် - ဇေယျာမော်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59575

ကျောင်းရွာစံပြကျေးရွာ တွင် ရေဘေးသင့်သူ လူဦးရေ ၈၃၀ ရှိ

မွန်ပြည်နယ် ရေးမြို့နယ််အတွင်းရှိ ကျောင်းရွာစံပြကျေးရွာတွင် ရေဘေးသင့်သူ ၈၃၀၊ ကံလှရွာတွင် ရေဘေးသင့်သူ ၄၄၇ ဦး၊ ကင်းမွန်ရွာတွင် ရေဘေးသင့်သူ ၈၇ ဦး ဖားကြီး ရွာတွင်ရေဘေးသင့်သူ ၂၈ ဦး၊ အဒိန်းခြံစုရွာတွင် ရေဘေးသင့်သူ လေး ဦးဖြင့် စုစုပေါင်း လူဦးရေ ၁၃၉၆ ဦးရေဘေးသင့်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှ သြဂုတ်လ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တာကာလအတွင်း မိုးကြီးခြင်းနှင့်အတူ တောင်ကျရေများစီးဆင်းခြင်း ကြောင့် ရေများဝင်ရောက်ခဲ့ခြင်းဖြစ်သည်။