Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
25 Min

ဝက်ဖို့ဒ်အသင်းရဲ့ ပွဲစဉ်တွေကို ကြွက်သားဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ အဓိက ကွင်းလယ်တိုက်စစ်ကစားသမား အစ္စမိုင််လာ ဆား ကိုလည်း ဒီနေ့မှာတော့ ဝက်ဖို့ဒ်ရဲ့အရန်စာရင်းမှာ ပြန်တွေ့နေရပြီ ခင်ဗျာ။ ဝက်ဖို့ဒ်ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၄)ပွဲကို လွဲချော်ခဲ့ရတဲ့ ဆား ဟာ မန်ယူအသင်းနဲ့ပွဲမှာ အချိန်မီ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။

23 Min

လက်ရှိအချိန်အထိတော့ မန်ယူအသင်းတိုက်စစ်က စွဲမက်စရာမရှိသေးဘူး ခင်ဗျာ။ မန်ယူတိုက်စစ်မှူး မာရှယ် ဆိုရင် ဝက်ဖို့ဒ်ဂိုးပေါက်ကို ကန်သွင်းခွင့် တစ်ကြိမ်တောင်မရသေးပဲ တိုက်စစ်မှာ ရုန်းကန်နေရဆဲပါ။

21

ဘစ်ဆာကာ ရဲ့ ညာခြမ်းကနေ ဖြတ်တင်မှုကို မန်ယူတိုက်စစ်မှူးတွေ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဂိုးသမား ဖော်စတာ ပဲ ဖမ်းယူသွားခဲ့ပြန်ပါတယ်။

19 Min

ဝက်ဖို့ဒ်အသင်းရဲ့ ဂိုးရဖို့ ကြိုးစားမှု တစ်ကြိမ်က အလုပ်ဖြစ်ခဲ့တာကို တွေ့နေရတာပါ။ ဒယ်လိုဖူ၊ ပါရဲရား၊ ဒီနေး တို့ရဲ့ တွဲလုံးနဲ့ မန်ယူဂိုးဧရိယာထဲကို ထိုးဖောက်လာခဲ့ကြပြီး ဂိုးသမား ဒီဂီယာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

17 Min

လက်ရှိအချိန်အထိတော့ မန်ယူအသင်းက ကွင်းလယ်မှာသာ ဘောလုံးအပေးအယူတွေ ပြုလုပ်နေပြီး ဝက်ဖို့ဒ်အသင်းဖက်ကို ဖိအားပေးကစားနိုင်ဖို့ ကြိုးစားနေရဆဲ ခင်ဗျာ။ မာတစ်၊ ဖရက်၊ ဖာနန်ဒက်ဇ် တို့ဟာ မန်ယူအသင်း ကွင်းလယ်မှာ အလုပ်များနေခဲ့ကြပါတယ်။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly