Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
15 Min

ဂရင်းဝုဒ် တစ်ယောက် ဝက်ဖို့ဒ်ဂိုးဧရိယာအပြင်ကနေ လှမ်းကန်ခဲ့ပေမယ့်လည်း ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာ က လွယ်လွယ်ကူကူပဲ ဖမ်းယူသွားခဲ့တယ် ခင်ဗျာ။

13 Min

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကိုတော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြဆဲ ခင်ဗျာ။ ဒါပေမယ့် သူ့ရဲ့ အဝေးပေးပို့မှုအချို့ကတော့ လိုရာမရောက်ပဲ လွဲချော်နေတာကို တွေ့နေရပါတယ်။

11 Min

မန်ယူဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာခဲ့တဲ့ လုခ်ရှော ကို ဝက်ဖို့ဒ်နောက်ခံလူတွေ တားဆီးခဲ့ကြပြီး လဲကျသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောပေးဖို့ ငြင်းဆန်သွားခဲ့တယ် ခင်ဗျာ

9 Min

မန်ယူအသင်းရဲ့ တိုက်စစ်မှူးသစ်အီဂါလို ကတော့ အသင်းအတွက် ပွဲထွက်ကစားပေးရမယ့်နေ့ကို စောင့်ဆိုင်းနေရဆဲ ခင်ဗျာ။ ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ အီဂါလို အတွက်တော့ ဒီနေ့ပွဲက အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့်ပွဲ ဖြစ်နေခဲ့ပြီး အခြေအနေတွေကတော့ ပြောင်းလဲသွားခဲ့ပါပြီ။

7 Min

တောင်ပံတွေကနေ တိုက်စစ်ဆင်မှုမှာ အားသန်တဲ့ ဝက်ဖို့ဒ်ရဲ့ တောင်ပံတိုက်စစ်တွေကို မန်ယူအသင်း ပွဲစတာနဲ့ ရင်ဆိုင်နေရပြီ ခင်ဗျာ။ မန်ယူရဲ့ ဘစ်ဆာကာ နဲ့ ဝက်ဖို့ဒ်ရဲ့ ဒယ်လိုဖူ တို့ အားပြိုင်ရမယ့်ပွဲလို့တောင် ပြောရမယ်ထင်ပါတယ်။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly