Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
35 Min

မန်ယူအသင်းတိုက်စစ်မှူး မာရှယ်ရဲ့ ပထမဆုံးအကြိမ် ဂိုးကန်သွင်းမှုကို မြင်လိုက်ရတာပါ။ ဒါပေမယ့် သူ့ရဲ့ကန်ချက်က ဂိုးပေါက်နဲ့တော်တော်များများကို လွဲသွားခဲ့တယ် ခင်ဗျာ။ မန်ယူအသင်းအတွက် ဒီရာသီမှာ (၉)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ မာရှယ်ဟာ ဝက်ဖို့ဒ်ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့ပါတယ်။

33 Min

ဘရူနိုဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အတွဲအဖက်က အလွဲလွဲအချော်ချော်တွေ ဖြစ်နေခဲ့တယ် ခင်ဗျာ။ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို အဖျားရောဂါကြောင့် လွဲချော်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ မန်ယူအသင်းတိုက်စစ်မှာ ခြေမပေါ်ပဲ ဖြစ်နေခဲ့တာပါ။

31 Min

လုခ်ရှောရဲ့ ဂိုးဧရိယာအပြင်က ကန်ချက်ကိုလည်း ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာ ကာကွယ်သွားနိုင်ခဲ့ပြန်တယ် ခင်ဗျာ။ မန်ယူအသင်းကတော့ ဝက်ဖို့ဒ်ရဲ့ ဂိုးဧရိယာအပြင်ကနေပဲ ကန်နေရပြီး ဧရိယာအတွင်းဝင်ဖို့ ခက်ခဲတဲ့အနေအထားတွေနဲ့ရင်ဆိုင်နေရပုံပါ။

29 Min

ဖာနန်ဒက်စ်ကတော့ ကွင်းလယ်ကနေ တောင်ပံနဲ့ တိုက်စစ်ကစားသမားတွေဆီ အမြင့်ဘောတွေသုံးပြီး ဘောလုံးဖြန့်နေတယ် ခင်ဗျာ။ ဒါပေမယ့်လည်း သူ့ရဲ့ပေးပို့မှုတွေက လိုရာမရောက်ပဲ ပျက်နေခဲ့တာ များနေပါတယ်။

27 Min

ဘစ်ဆာကာ ကတော့ ဝက်ဖို့ဒ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဒယ်လိုဖူ ကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ဆဲပဲ ခင်ဗျာ။ မန်ယူအသင်းက တိုက်စစ်မှာသာ ပြဿနာ နည်းနည်းရှိနေပေမယ့် ခံစစ်ပိုင်းကတော့ ဝက်ဖို့ဒ်တိုက်စစ်ကို အေးအေးဆေးဆေး ထိန်းချုပ်ထားနိုင်သေးတာပါ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly