Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
Goal!!!

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်က သွင်းယူပေးသွားခဲ့ပြီ ခင်ဗျာ။

43 Min

မန်ယူအသင်း ဘယ်ခြမ်းကနေ ဘောလုံးနဲ့အတူ ဆွဲဝင်လာတဲ့ ဂျိမ်းစ်ရဲ့ကန်ချက်ကတော့ ဂိုးပေါက်နဲ့တော်တော်များများ လွဲသွားခဲ့ရပါတယ်။

41 Min

မန်ယူအသင်းက ပထမပိုင်းပွဲချိန်ပြီးခါနီးမှာ ကွင်းတစ်ဝက်အထိ ဖိကစားနေခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း ဝက်ဖို့ဒ်ရဲ့မာကျောတဲ့ ကစားပုံကို ထိုးဖောက်ရခက်နေပြီး ဂရင်းဝုဒ် ၊ ဂျိမ်းစ် ၊ ဖရက်ဒ် စတဲ့ လူကောင်သေးတဲ့ ကစားသမားတွေက ရုန်းကန်နေရတာကို တွေ့နေရတာပါ။

39 Min

ပထမပိုင်း ပွဲကစားချိန်က မိနစ် (၄၀)နား ကပ်လာခဲ့တဲ့အထိ မန်ယူအသင်းရဲ့ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို မတွေ့ရသေးပါဘူး။ ကြည့်ရတာတော့ မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ဒုတိယပိုင်းမှာ မန်ယူရဲ့ ကွင်းလယ်ကို အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပုံပဲ ခင်ဗျာ။

37 Min

ဝက်ဖို့ဒ်အသင်းကွင်းလယ်လူ ဒိုကူရေး တစ်ယောက် ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးလာပြီး ကန်သွင်းခဲ့တာ ခင်ဗျာ။ သူ့ရဲ့ကန်ချက်က  အားပါပြီး ဂိုးပေါက်တည့်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာ က  ပုတ်ထုတ်လိုက်နိုင်ခဲ့ပါတယ်။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly