Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
50 Min

မန်ယူအသင်းရဲ့ အရန်စာရင်းမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ကွင်းလယ်လူ တိုမီနေး ပြန်ပါလာခဲ့ပြီး မာတာ၊ အီဂါလို တို့လည်းရှိနေတယ် ခင်ဗျာ။

48 Min

မန်ယူအသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဝက်ဖို့ဒ်အသင်းကို လက်ခံကစားခဲ့တဲ့ နောက်ဆုံး အိမ်ကွင်း(၆)ပွဲမှာ (၆)ပွဲစလုံး အနိုင်ရရှိထားခဲ့တဲ့ မှတ်တမ်းတော့ရှိနေပါတယ်။ လက်ရှိအခြေအနေအရလည်း မန်ယူက အတက်ဖက်ကိုရောက်နေပြီး ဝက်ဖို့ဒ်အသင်းကတော့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတာမို့ မန်ယူအသင်း နိုင်ပွဲတစ်ပွဲ ဆက်လက်ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Kick Off - 46 Min

မန်ယူအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတုုိ့ရဲ့ ဒုတိယပိုင်း ပွဲကစားချိန်တွေကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

Man United 1 – 0 Watford (HT)

မန်ယူနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တာကလွဲပြီး ဝက်ဖို့ဒ်အသင်းဖက်ကို ထိရောက်တဲ့ ဖိအားပေးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဝက်ဖို့ဒ်အသင်းကတော့အမှတ်လိုနေတဲ့ အသင်းပီပီ မန်ယူအသင်းကို အကောင်းဆုံး တုန့်ပြန်ကစားနေပြီး မန်ယူတိုက်စစ်လမ်းကြောင်းတွေကို အကောင်းဆုံး ထိန်းချုပ်ကစားနေခဲ့တာပါ။

ပထမပိုင်းပွဲပြီးခါနီးမှာတော့ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကို ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာ တားဆီးတာကနေ မန်ယူအသင်း ပင်နယ်တီ ရသွားခဲ့ပြီး အဲဒီ ပင်နယ်တီကို ဖာနန်ဒက်စ်ကပဲ အဆုံးသတ်ပေးသွားခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် မန်ယူအသင်းကတော့ ပထမပိုင်းမှာ ဦးဆောင်ဂိုးတစ်ဂိုး ရသွားခဲ့လို့ ပွဲချိန် ဒုတိယပိုင်းမှာ အေးအေးဆေးဆေး ကစားလို့ရသွားမယ့်ပုံပါ။

ကဲ…ပွဲချိန် ဒုတိယပိုင်းမှာ မန််ယူကပဲ ဂိုးတွေ ဆက်ပြီးရနေဦးမလား၊ ဒါမှမဟုတ် အမှတ်လိုနေတဲ့ ဝက်ဖို့ဒ်ရဲ့ ရုန်းကန်အားကို ထပ်တွေ့ရဦးမလားဆိုတာ Mizzima နဲ့အတူ ဆက်လက်စောင့်ကြည့်လိုက်ကြပါစို့နော်။

Injury Times (+1)

ပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၁)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly