LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
Liverpool 2 – 1 Bournemouth (HT)

လီဗာပူးလ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပထမပိုင်း ပွဲချိန်တွေကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဘုန်းမောက်အသင်းက ပထမပိုင်းမှာ အခွင့်အရေးနည်းနည်းလေးသာ ရခဲ့ပေမယ့် အဲဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချသွားခဲ့ပြီး သူတို့ရဲ့ ဦးဆောင်ဂိုးကို သွင်းယူခဲ့တာပါ။

လီဗာပူးလ်အသင်းကတော့ ခံစစ်ပိုင်းမှှာ အမှားအယွင်းတွေ တွေ့နေရပေမယ့် တိုက်စစ်မှူး ဆာလက် ရဲ့ သွင်းဂိုးနဲ့အတူ ပြန်လည်ဦးဆောင်ထားနိုင်ခဲ့ပြီး မာနေးရဲ့ နောက်ထပ် သွင်းဂိုးတစ်ဂိုးနဲ့အတူ ပထမပိုင်းကို ဦးဆောင်နေခဲ့တာပါ။

လီဗာပူးလ်အသင်းက ကစားပုံသာနေပေမယ့် ဘုန်းမောက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း အဆိပ်ရှိနေခဲ့လို့ ပွဲချိန် ဒုတိယပိုင်းမှာ လီဗာပူးလ်တို့ အမှား မလုပ်မိဖို့ သတိထားရမှာပါ။

ကဲ…..ဒုတိယပိုင်းမှာရော ဘုန်းမောက်အသင်း ဂိုးတွေရဦးမလား။ ဒါမှမဟုတ် လီဗာပူးလ်ကပဲ အိမ်ကွင်းနိုင်ပွဲဆက်တိုက်ယူသွားဦးမလားဆိုတာ Mizzima နဲ့အတူ ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်နော်..။

Injury Times (+3)

ပထမပိုင်း ပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့ပါတယ်။

44 Min

ပထမပိုင်း ပွဲကစားချိန်တွေ ပြီးဆုံးဖို့  မိနစ်အနည်းငယ်သာ လိုတော့တာ ခင်ဗျာ။ လီဗာပူးလ်အသင်းက (၂-၁)ဂိုးနဲ့ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့ ဂိုးရဖို့ ကြိုးစားမှုတွေကို လီဗာပူးလ်ဂိုးသမား အက်ဒရီယန် အကောင်းဆုံး ကာကွယ်နေခဲ့ပါတယ်။

42 Min

လီဗာပူးလ်တိုက်စစ်မှူး မာနေး ရဲ့ ထိုးဖောက်မှုကို ဝီလ်ဆင် တားဆီးဖို့ ကြိုးစားရင်း ဆွဲလှဲခဲ့လို့  ပြစ်ဒဏ်ဘောဖြစ်တယ် ခင်ဗျာ။

41 Min

ဘုန်းမောက်အသင်း ကွင်းလယ်ကစားသမား စမစ် ကတော့ ဘောလုံးယှဉ်လုရင်း ကွင်းဘေးက ကြော်ငြာဆိုင်းဘုတ်နဲ့ ထိခိုက်မိသွားလို့ ဒဏ်ရာရသွားခဲ့ပုံပါပဲ။