LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
39 Min

လီဗာပူးလ်ဟာ သူတို့ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ်အိမ်ကွင်း (၂၁)ပွဲဆက် အနိုင်ရထားခဲ့တာမို့  သူတို့ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကောင်းကို ဆက်လက်မြင်တွေ့ရဦးမလားဆိုတာ စောင့်ကြည့်ရမယ် ခင်ဗျာ။

37 Min

ဘုန်းမောက်အသင်းရဲ့ လျော့ရဲသွားတဲ့ ခံစစ်ကပဲ လီဗာပူးလ်ကို ဂိုးထပ်ရသွားစေခဲ့တာ ခင်ဗျာ။ မာနေးရဲ့ နေရာယူပုံကောင်းခဲ့သလို၊ ဘုန်းမောက်ရဲ့ ခံစစ်က ပိတ်ဆို့ထားနိုင်စွမ်းမရှိတာကြောင့် လီဗာပူးလ်အသင်း ဦးဆောင်ဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Goal!!!

လီဗာပူးလ်အသင်းက ဦးဆောင်ဂိုး ရရှိသွားခဲ့ပါပြီ။ မာနေး က သွင်းယူပေးသွားခဲ့တာပါ။

35 Min

ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ရဲ့  လီဗာပူးလ်ခံစစ်ကတော့ ဒီပွဲမှာ အမှားအချို့ကို ကျူးလွန်ထားပြီးပြီ ခင်ဗျာ။ ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင် ကို နှစ်ယောက်သား ခက်ခက်ခဲခဲ ထိန်းနေရပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ လို့ သတ်မှတ်ခံရတဲ့ ဗန်ဒိုက်လည်း ခြေမပေါ်ပဲဖြစ််နေခဲ့တာပါ။

33 Min

မီလ်နာရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ဗန်ဒိုက် ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့ပါတယ်။