LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
54 Min

လီဗာပူးလ်ဂိုးဧရိယာထဲမှာ ဗန်ဒိုက်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်ကို တွေ့နေရတာပါ။ ဒါပေမယ့် ဗန်ဒိုက်က သူ့ကို အသာအယာပဲ တားဆီးပြီး ဘောလုံးကို ထိန်းချုပ်လိုက်နိုင်တယ် ခင်ဗျာ။

52 Min

ချိန်ဘာလိန်ကတော့ အဝေးကန်ချက်တွေနဲ့ ဘုန်းမောက်ခံစစ်ကို ခြိမ်းခြောက်နေတယ် ခင်ဗျာ။ ဒုတိယပိုင်း ပွဲအစမှာတင် ဘုန်းမောက်ဂိုးအစပ်ကနေ (၂)ကြိမ်ကန်ခဲ့ပြီးပါပြီ

50 Min

ဒုတိယပိုင်းပွဲစပြီဆိုတာနဲ့ လီဗာပူးလ်က ထောင့်ကန်ဘော ရပြီ ခင်ဗျာ။ အာနိုးလ်ရဲ့ ပေးပို့မှုကို ဘုန်းမောက် နောက်ခံလူတွေ ကာကွယ်နိုင်လိုက်ပါတယ်။

48 Min

လီဗာပူးလ်နဲ့ ဘုန်းမောက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအရ ဘုန်းမောက်အသင်းနဲ့ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲမှာ တစ်ပွဲကို အနည်းဆုံး သွင်းဂိုး (၃)ဂိုးအထိ သွင်းထားနိုင်ခဲ့တာကြောင့် လီဗာပူးလ်ဟာ ဘုန်းမောက်နဲ့ တွေ့ရင် ဂိုးမြူးတယ်လို့တောင် ပြောရမှာပါ။

Kick Off - 46 Min

 

လီဗာပူးလ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ဒုတိယပိုင်း ပွဲချိန်တွေကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။