LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
64 Min

ဂျိမ်းစ်မီလ်နာရဲ့ ဖျက်ထုတ်ချက်က တကယ့်ကို အံ့အားသင့်စရာပဲ ခင်ဗျာ။ ဂိုးသမား အက်ဒရီယန်ကို ဘုန်းမောက်တိုက်စစ်ကစားသမား ဖရေဇာ ကျော်ဖြတ်ခဲ့တာဖြစ်ပြီး ဂိုးသမားမရှိတော့တဲ့ ဂိုးထဲကို ဘောလုံးက တန်းတန်းမတ်မတ်သွားပေမယ့် မီလ်နာ က အံ့အားသင့်စရာကောင်းလောက်အောင် ကာကွယ်သွားခဲ့တာပါ။

62 Min

လီဗာပူးလ်ရဲ့ အဓိက တိုက်စစ်အတွဲဖြစ်တဲ့ ဆာလက်၊ မာနေးနဲ့ ဖာမီနို တို့ကတော့ ဒီနေ့ပွဲမှာ အတွဲမမိပဲ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကိုသာ ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။ လီဗာပူးလ်ရရှိသွားတဲ့ သွင်းဂိုး နှစ်ဂိုးကလည်း တိုက်စစ်မှူးတွေရဲ့ တစ်ကိုယ်တော်အစွမ်းတွေနဲ့သာ ရရှိသွားကြတာ ခင်ဗျာ။ လီဗာပူးလ်တိုက်စစ်မှာ အရင်လို အတွဲညီမှုမျိုး ပျောက်ဆုံးနေပါပြီ။

60 Min

ဘုန်းမောက်အသင်း ကွင်းလယ်လူ လာမာ ကို မာနေး ဖျက်ထုတ််တာ ကြမ်းခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က အဝါကတ်ပြဖို့ ငြင်းဆန်လိုက်ပါတယ်။

58 Min

ဘုန်းမောက်အသင်း ကွင်းလယ်လူ လာမာ ကို မာနေး ဖျက်ထုတ််တာ ကြမ်းခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က အဝါကတ်ပြဖို့ ငြင်းဆန်လိုက်ပါတယ်။

56 Min

မာနေးရဲ့ ဘယ်တောင်ပံက ထိုးဖောက်မှုကို ဘုန်းမောက်နောက်ခံလူတွေ အသည်းအသန် တားဆီးနေကြရတာပါ။ လီဗာပူးလ်အတွက် သွင်းဂိုးတစ်ဂိုး သွင်းပေးထားတဲ့ မာနေး ကတော့ နောက်ထပ် သွင်းဂိုးတွေရဖို့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်နေတယ် ခင်ဗျာ။