LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)

22 December 2019
LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)
Premier League December 22, 20:30

Watford
2-0 (FT)
Ismaila Sarr 50' Troy Deeney 54' (P)

Stadium: Vicarage Road

Watford 0 – 0 Man United (HT)

ဝက်ဖို့ဒ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ နှစ်သင်းစလုံးက ပထမပိုင်းမှာ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်တာကြောင့် ဂိုးမရှိ သရေနဲ့ အဆုံးသတ်သွားခဲ့တာပါ။

ပွဲချိန်ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးအပြောင်းအလဲတွေ လုပ်လာမလား ၊ ဘယ်အသင်းကအမှတ်ရအောင် လုပ်နိုင်မလဲဆိုတာ Mizzima နဲ့အတူတူ ဆက်လက်စောင့်ကြည့်ကြပါစို့နော်…။

Injury Times (+1)

ပထမပိုင်းပွဲချိန် (၄၅)မိနစ် ပြီးဆုံးသွားခဲ့လို့ နာကျင်အချိန်ပို (၁)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

44 Min

ပထမပိုင်း ပွဲကစားချိန်ကတော့ ပြီးဆုံးဖို့  နီးကပ်လာခဲ့ပြီ ခင်ဗျာ။ နှစ်သင်းစလုံးက ဂိုးကန်ခွင့်တွေရနေကြပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိကြလို့ ပွဲချိန် ပထမပိုင်းကတော့ ဂိုးမရှိ သရေနဲ့သာ ပြီးဆုံးသွားဖို့များနေပါပြီ။

39 Min

မန်ယူတိုက်စစ်မှူး မာရှယ်ကတော့ ဝက်ဖို့ဒ်ခံစစ်မှူးတွေရဲ့ လူကပ်ကစားထားခြင်းကို ခံနေရပြီး ဂိုးကန်သွင်းခွင့်ရဖို့  ရုန်းကန်နေရပါတယ်။ မန်ယူအသင်းရဲ့ အရန်ခုံတန်းမှာ ဂိုးကံကောင်းလေ့ရှိတဲ့ တိုက်စစ်မှူးလေး ဂရင်းဝုဒ်ရှိနေပြီး မာရှယ်ရဲ့ ဒီလိုကစားနေပုံနဲ့ဆိုရင် ဒုတိယပိုင်းမှာ ဂရင်းဝုဒ်တစ်ယောက်် အခွင့်အရေးရဖို့တောင် ရှိနေတယ်ခင်ဗျာ။

37 Min

လူကျွံဘောထောင်ချောက်ကနေ ကျော်ဖြတ်လာခဲ့တဲ့ လင်ဂတ်တစ်ယောက် ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ခဲ့တာပါ။ ဒါပေမယ့် ဂိုးသမားကို ကျော်ချလိုက်တဲ့ သူ့ရဲ့ကြိုးစားမှုက ဂိုးထဲမဝင်ပဲ ဂိုးပိုက်ပေါ်သာ ကျော်သွားခဲ့တယ် ခင်ဗျာ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly