LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)

22 December 2019
LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)
Premier League December 22, 20:30

Watford
2-0 (FT)
Ismaila Sarr 50' Troy Deeney 54' (P)

Stadium: Vicarage Road

35 Min

ဝက်ဖို့်ဒ်အသင်းရဲ့ တိုက်စစ်ကတော့ ဘယ်ခြမ်းကနေပဲ တစ်ချိန်လုံးထိုးဖောက်နေခဲ့တာ ခင်ဗျာ။ အဲဒီဖက်ခြမ်းမှာ ဘစ်ဆာကာ ရှိနေခဲ့လို့ ထိုးဖောက်ရ ခက်နေခဲ့ပေမယ့်လည်း ဝက်ဖို့ဒ်ကတော့ ဇွဲကောင်းကောင်းနဲ့ ဘယ်ခြမ်းတိုက်စစ်ကို တစ်ချိန်လုံး ကစားနေခဲ့တာကို တွေ့နေရပါတယ်။

33 Min

ဖရက်ဒ်ကတော့ မန်ယူကွင်းလယ်မှာ ပြစ်ဒဏ်ဘောတွေ မကြာခဏ ပြုလုပ်ခဲ့ပြီး ကွင်းလယ်ဒိုင်က သတိပေးနေရတာ (၂)ခါအထိ ရှိသွားခဲ့ပြီ ခင်ဗျာ။ ဝက်ဖို့ဒ်ကစားသမားတွေရဲ့ လျှင်မြန်မှုကို တားဆီးဖို့ ကြိုးစားရင်း ဖရက်ဒ်တစ်ယောက် ပြစ်ဒဏ်ဘောတွေ ပေးနေခဲ့ရတာပါ။

31 Min

ပွဲကစားချိန်က မိနစ် (၃၀) ကို ကျော်လာခဲ့ပြီ ခင်ဗျာ။ အခုအချိန်အထိတော့ ဝက်ဖို့ဒ်အသင်းရော၊ မန်ယူအသင်းပါ ဂိုးတွေ မရကြသေးပဲ ပြိုင်ပွဲကို ဆက်လက် ကစားနေကြဆဲပါ။ အထူးသဖြင့်တော့ ပွဲချိန် အစပိုင်းမှာ ဖိကစားခဲ့တဲ့ မန်ယူတိုက်စစ်က အချိန်ကြာလာတာနဲ့အမျှ ကစားပုံ အားလျော့သွားခဲ့ပြီး ဝက်ဖို့ဒ်ခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်နေရတာ ခင်ဗျာ။

29 Min

ဝက်ဖို့ဒ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ အစ္စမိုင်လာဆား နဲ့ ဒီနေးတို့ အခွင့်အရေးတွေ ရခဲ့ကြတာ ခင်ဗျာ။ မန်ယူဘယ်ခြမ်းခံစစ်က လုခ်ရှော တစ်ယောက် အနာခံ ဖျက်ထုတ်ခဲ့လို့သာ မန်ယူအသင်း သက်သာရာ ရသွားခဲ့တာဖြစ်ပါတယ်။

27 Min

မန်ယူအသင်းဟာ ဝက်ဖို့ဒ်အသင်းနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၄)ပွဲမှာ (၁၃)ပွဲအထိ နိုင်ထားလို့ ဒီပွဲမှာလည်း မန်ယူအသင်း အနိုင်ရသွားဦးမလားဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ မန်ယူအသင်းက  ဂိုိးရဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ဝက်ဖို့ဒ်ရဲ့  ခံစစ်ကြောင်းကို ထိုးဖောက်ဖို့ တော်တော်လေး အားစိုက်နေရတာကို မြင်နေရတယ်ခင်ဗျာ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly