LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)

19 November 2019
LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)
World Cup Qualifiers November 19, 17:00

Myanmar
1-0 
Hlaing Bo Bo 17' (FT)
Second Round · Group F
Mandalar Thiri Stadium
67 Min

မြန်မာကစားသမားတွေကလည်း ပွဲချိန်ကြာလာတာနဲ့အမျှ ကစားအားက ကျလာခဲ့ပါတယ်။ ဘောလုံးပေးပို့မှုတွေ လိုရာမရောက်တာမျိုး မကြာခဏ တွေ့နေရပြီး အထူးသဖြင့် ကွင်းလယ်ကစားသမားတွေ ကစားအား ကျလာခဲ့တာကို တွေ့ရတယ်ခင်ဗျာ။

66 Min

မွန်ဂိုလီယာ ကစားသမားတွေက ချေပဂိုးရဖို့ ကြိုးစားကစားနေကြတယ်ဆိုပေမယ့် ကစားကွက်ပိုင်းမှာတော့ မြန်မာအသင်းကို ဘယ်လိုမှ မမှီတာ တွေ့နေရပါတယ်။ မြန်မာအသင်းက ကစားပုံရော၊ တစ်ဦးချင်းရော အသာစီးရပေမယ့် ကြံ့ခိုင်မှုပိုင်းမှာတော့ မွန်ဂိုလီယာ ကို မယှဉ်နိုင် ဖြစ်နေခဲ့တာပါ။

64 Min

မြန်မာအသင်းက ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး အဲဒီ ပြစ်ဒဏ်ဘောကို လှိုင်းဘိုဘို က ကန်တင်ပေးခဲ့တာခင်ဗျာ။ ဒါပေမယ့် မွန်ဂိုလီယာ ကစားသမားတွေ ရှင်းထုတ်သွားနိုင်ခဲ့ပြီး တိုက်စစ်ကို ပြန်လည်စတင်နေခဲ့ပါတယ်။

62 Min

မြန်မာအသင်း တန်ပြန်တိုက်စစ်ကနေ မောင်မောင်လွင်ရဲ့ ထိုးဖောက်မှုကို မွန်ဂိုလီယာ ကစားသမား ညစ်ညစ်ပတ်ပတ်ပဲ တားဆီးသွားတယ်ခင်ဗျာ။ မောင်မောင်လွင် လည်း ကွင်းအတွင်းမှာ လဲကျသွားခဲ့ပြီး ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တဲ့ ကစားသမားကို ကွင်းလယ်ဒိုင်က အဝါကတ် ပြသလိုက်ပါပြီ။

61 Min

မြန်မာအသင်းရဲ့ အရန်စာရင်းမှာတော့ သန်းထက်အောင်၊ သန်းပိုင်၊ ဝင်းနိုင်စိုး၊ ဇင်မင်းထွန်း တို့လို တိုက်စစ်ကစားသမားတွေ ရှိနေကြသေးတယ်ခင်ဗျာ။ နည်းပြ အနေနဲ့ ခံစစ်အားသန်တဲ့ ကစားသမားတွေကိုပဲ ထည့်မလား၊ တိုက်စစ်အားသန်ကစားသမားတွေကို ဒုတိယပိုင်းမှာ သုံးမလားဆိုတာ တကယ်ပဲ စိတ်ဝင်စားစရာပါ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly