LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)

19 November 2019
LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)
World Cup Qualifiers November 19, 17:00

Myanmar
1-0 
Hlaing Bo Bo 17' (FT)
Second Round · Group F
Mandalar Thiri Stadium
59 Min

မွန်ဂိုလီယာအသင်းက ဒဏ်ရာရသွားတဲ့ ခံစစ်ကစားသမားရဲ့ နေရာမှာ တိုက်စစ်အားသန် ကစားသမား နီဂျစ်ဒေါ ကို ထည့်သွင်းခဲ့ပါတယ်။

58 Min

မွန်ဂိုလီယာ ကစားသမားတစ်ယောက် နာသွားလို့ ဆေးကုသမှုခံယူနေရပြီး ပွဲကို ခဏ ရပ်ထားရတယ်ခင်ဗျာ။

56 Min

မောင်မောင်လွင်၊ အောင်သူနဲ့ လှိုင်းဘိုဘို တို့ရဲ့ တိုက်စစ်က လက်ရှိအချိန်အထိ အလုပ်ဖြစ်နေဆဲ ခင်ဗျာ။ အထူးသဖြင့် ဘယ်ခြမ်းကနေ ဘောလုံးနဲ့အတူ ဝင်လာတဲ့ အောင်သူ ကို မွန်ဂိုလီယာ ကစားသမားတွေ မတားနိုင်ပဲ အခွင့်အရေးတွေပေးနေရတာကို တွေ့နေရပါတယ်။

54 Min

မြန်မာအသင်း ပရိသတ်တွေကတော့ ဒီနေ့ပွဲရဲ့ မလေးရှားလူမျိုး ကွင်းလယ်ဒိုင် နက်ဇ်မီ ကိုမကျေမနပ်ဖြစ်နေကြတယ် ခင်ဗျာ။ မြန်မာကွင်းလယ်လူတွေကို သတိပေးမှုအနည်းငယ်တောင် မလုပ်ပဲ အဝါကတ် တန်းပြခဲ့တဲ့အခြေအနေတွေကို ဒေါသထွက်နေကြပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် ကစားသမားတွေ အနီကတ်နဲ့ ထုတ်ပယ်ခံရမှာကို စိတ်ပူနေကြပါတယ်။

53 Min

မြန်မာအသင်းက ကွင်းလယ်လူ ဆွန်လန်မန် တစ်ယောက် အဝါကတ် ထိသွားပြန်ပြီ ခင်ဗျာ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly