LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)

19 November 2019
LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)
World Cup Qualifiers November 19, 17:00

Myanmar
1-0 
Hlaing Bo Bo 17' (FT)
Second Round · Group F
Mandalar Thiri Stadium
75 Min

ဒီနေ့ပွဲမှာ အမှားများနေခဲ့တဲ့ တိုက်စစ်ကစားသမား ဆွန်လန်မန် ကတော့ သန်းပိုင်နဲ့ လူစားလဲခံရဖို့ ရှိနေသလားပဲ ခင်ဗျာ ။ ကစားအားရှိပေမယ့် ဘောလုံး ပေးပို့မှုအမှားတွေ မကြာခဏ ပြုလုပ်နေတဲ့ ဆွန်လန်မန် ကို လူစားလဲလိုက်တာက ပိုကောင်းမယ့် ပုံပါပဲ။

73 Min

မွန်ဂိုလီယာ အသင်းရဲ့ ကျောနံပတ် (၄) ကတော့ မြန်မာကစားသမားတွေနဲ့ ထိခိုက်မိခဲ့လို့ ဆေးကုသမှု ခံယူနေရပါပြီ။

ပွဲက ပိုပြီး ကြမ်းတမ်းတဲ့ဖက်ကို ရောက်ရှိလာနေတာကို တွေ့ရတယ်ခင်ဗျာ။

72 Min

မြန်မာအသင်း ပရိသတ်တွေကတော့ လက်ရှိကစားပုံဟာ ကျေနပ်စရာပဲလို့ မှတ်ချက်တွေပေးနေကြပါတယ်။ မြန်မာအသင်းက အခွင့်အရေးအများကြီး ရခဲ့ပြီး ပြိုင်ဖက်ရဲ့ ခံစစ်ကို အကောင်းဆုံး ဖိအားပေးနိုင်နေတယ်လို့ သူတို့က မှတ်ချက်ပေးနေကြတယ်ခင်ဗျာ။

မြန်မာအသင်းနည်းပြက သန်းပိုင်ကို ထည့်သွင်းကစားစေဖို့ စီစဉ်နေပြန်ပြီခင်ဗျာ။

70 Min

တင်ဝင်းအောင် ဝင်လာခဲ့လို့ မြန်မာအသင်းရဲ့ ကွင်းလယ်က ကစားအား ပိုတက်လာမှာ အမှန်ပဲခင်ဗျာ။ တင်ဝင်းအောင်ဟာ ပါးနပ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းဖော်တွေကို ဖန်တီးပေးနိုင်မှု မှာလည်း အကွက်မြင်သူအဖြစ် သတ်မှတ်ခံထားရတာကြောင့်ပါ။

69 Min

ပွဲချိန် မိနစ် (၇၀)နီးပါး ကို ရောက်လာခဲ့ချိန်မှာတော့ နည်းပြ အန်တွန်နီဟေးကတော့ မြန်မာအသင်းကို လူစားလဲမှုတစ်ခု စတင်လိုက်ပြီခင်ဗျာ။ ကွင်းလယ်လူ မျိုးကိုထွန်းရဲ့နေရာမှာ တင်ဝင်းအောင် ကို ထည့်သွင်း ကစားလိုက်ပါတယ်။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly