Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)

08 March 2020
Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)
Premier League March 08, 23:00

Man United
2-0 (FT)
Martial 30' McTominay 90+6'
Stadium: Old Trafford
54 Min

ဒီနေ့ပွဲမှာတော့ VAR ကို စောင့်ကြည့်နေတဲ့ ဒိုင်လူကြီးအဖြစ် အန်ဒရေ မာရီနာ က တာဝန်ယူထားရပြီး VAR ဆုံးဖြတ်ချက်တွေအတွက် ကူညီပေးမှာပါ။

52 Min

မန်ယူအသင်း တိုက်စစ်မှူး မာရှယ် တစ်ယောက် ဂိုးသမား အီဒါဆင် ရဲ့ အမှားကို အခွင့်အရေးယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးတိုင်နဲ့ ဝင်ဆောင့်မိခဲ့လို့ ဒဏ်ရာရသွားတာကို မြင်နေရတယ် ခင်ဗျာ။

50 Min

မန်စီးတီးအသင်းတိုက်စစ်မှူး အဂွီရို ရဲ့ ကန်ချက် ဂိုးထဲဝင်ခဲ့ပေမယ့် စည်းကျပ်ဒိုင်ကတော့ လူကျွံဘောအဖြစ်သာ သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။ VAR နဲ့ ပြန်ဆုံးဖြတ်ခဲ့ပြီး ဂိုးမပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

48 Min

မန်ယူအသင်းက ဒီပွဲကိုသာ အနိုင်ရသွားရင်အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရောက်သွားမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းကို (၃)မှတ်အကွာနဲ့ ဖိအားပေးနိုင်မှာပါ။ ဒါပေမယ့် ဒီပွဲမှာ ရှုံးသွားရင်တော့ သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ထိခိုက်သွားဖွယ်ရှိနေတယ် ခင်ဗျာ။

Kick Off - 46 Min

မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ဒုတိယပိုင်း ပွဲချိန်တွေကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်…။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly