Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)

08 March 2020
Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)
Premier League March 08, 23:00

Man United
2-0 (FT)
Martial 30' McTominay 90+6'
Stadium: Old Trafford
Man United 1 – 0 Man City (HT)

မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ အိမ်ရှင် မန်ယူကို ဖိအားပေးနေခဲ့ပေမယ့် မန်ယူအသင်းက မာရှယ်ရဲ့ ဂိုးနဲ့အတူ ဦးဆောင်ခဲ့တာဖြစ်ပြီး ရရှိတဲ့အခွင့်အရေးတွေကိုအကောင်းဆုံး အသုံးချနိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ မန်ယူအသင်းရဲ့ ခံစစ်က သူတို့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံး လုပ်နိုင်နေခဲ့ပြီး မန်စီးတီးရဲ့ တိုက်စစ်ကစားသမားတွေကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ အနေနဲ့ အရန်ခုံမှာရှိနေတဲ့ တိုက်စစ်ကစားသမားတွေကို အသုံးပြုဖို့ ရှိနေပြီး ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာဦးမလဲဆိုတာ Mizzima နဲ့အတူ ဆက်လက် ရင်ခုန်လိုက်ကြရအောင်နော်…။

Yellow Card!!

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရက်ဒ်ကတော့ ပြိုင်ဖက် ဂိုးဧရိယာထဲမှာ ဟန််ဆောင်လှဲချခဲ့တယ်ဆိုပြီး အဝါကတ် ပြသခံလိုက်ရပြီ ခင်ဗျာ

Injury Times (+2)

ပထမပိုင်း ပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၂)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ

43 Min

ဒီနေ့ပွဲကတော့ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ အားပြိုင်မှုလို့ ပြောရမှာဖြစ်သလို ပေါ်တူဂီ ကွင်းလယ်အတွဲဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ဖာနန်ဒက်စ်တို့ရဲ့ အားပြိုင်မှုကိုလည်း မြင်တွေ့ရမှာပါ။ ပေါ်တူဂီ အသင်းဖော်တွေအနေနဲ့ ဆန့်ကျင်ဖက်ပြိုင်ဖက်တွေအဖြစ် ရင်ဆိုင်နေရပြီး ပုံစံကောင်းပြနိုင်ဖို့  အစွမ်းကုန်ကြိုးစားနေကြပါတယ်။

41 Min

ဒီနေ့ပွဲမှာ မန်စီးတီးအသင်းရဲ့ ညာတောင်ပံကစားသမားအဖြစ် ပွဲထွက်ခဲ့တဲ့ ဖိုဒန် ကတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး စတာလင် ကလည်း ဘစ်ဆာကာ ရဲ့ လူကပ်ကစားမှုကို ခံနေရလို့ မန်စီးတီးရဲ့ တောင်ပံတိုက်စစ်တွေကအသက်မဲ့နေခဲ့ရတယ်ခင်ဗျာ။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly