LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)

25 November 2019
LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)
2019 SEA Games Group Stage November 25, 2:30

Malaysia
1-1 (FT)
Hadi Fayyadh 23' Soe Moe Kyaw 13'
Stadium - ရီဇယ်မန်မိုရီရယ်
67 Min

ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောသတ်မှတ်ပေးနေချိန်မှာ မြန်မာအသင်းက ဘောလုံးကို ကွင်းအပြင်ကန်ထုတ်ပစ်ခဲ့လို့ ဒိုင်လူကြီးရဲ့ သတိပေးမှုကို ခံလိုက်ရတယ်ခင်ဗျာ။ အခုတွေ့နေရတာကတော့ မြန်မာနောက်ခံလူ ကျောနံပတ်(၄) ဒဏ်ရာရသွားခဲ့တာကိုပါ။

65 Min

မလေးရှားအသင်းရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းမှုကတော်တော်လေး အန္တရာယ်များခဲ့ပြီး ဂိုးဘားတန်းကို ထိမှန်သွားခဲ့တာ ခင်ဗျာ။ နည်းနည်းလေးသာ အောက်ဖက် ရောက်လိုက်ရင် ဂိုးသမား ဘယ်လိုမှ မတတ်နိုင်တဲ့ အနေအထားပါ။

63 Min

မလေးရှားအသင်းရဲ့ ဘယ်ခြမ်းက ထိုးဖောက်မှုကနေ ထောင့်ကန်ဘော ရခဲ့ပေမယ့် မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့တယ် ခင်ဗျာ။ ကွင်းလယ်ဒိုင်ကတော့ မြန်မာအသင်း ဖျက်ထုတ်ပုံကြမ်းတယ်ဆိုပြီး ပြစ်ဒဏ်ဘော ကန်ခွင့်ထပ်ပေးထားခဲ့ပါတယ်။

61 Min

မြန်မာ့ရုပ်မြင်သံကြားရဲ့ တိုက်ရိုက်ထုတ်လွှင့်နေမှုကတော့ နည်းစနစ်ပိုင်းအခက်အခဲကြောင့် ပြတ်တောက်နေတာကို တွေ့နေရပါတယ်။ ပရိသတ်တွေကတော့ အားမလိုအားမရတွေ ဖြစ်ကုန်ကြပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဆူညံကုန်ကြပါပြီ။

နှစ်သင်းစလုံးကတော့ ပထမပိုင်းသွင်းဂိုး တစ်ဂိုးစီနဲ့ ဆက်သွားနေဆဲဖြစ်ပြီး ပွဲချိန်ကတော့ (၆၀) ကျော်လာခဲ့ပြီ ခင်ဗျာ။

59 Min

မြန်မာအသင်းရဲ့ ကစားပုံက မိနစ် (၆၀)နားရောက်လာချိန်မှာ အနည်းငယ် ကျသွားတယ်လို့ ထင်ရတယ်ခင်ဗျာ။ ကစားသမားတွေက ကြိုးစားနေဆဲဖြစ်ပေမယ့် ကစားပုံကတော့ အနည်းငယ် လေးလံလာတာကို တွေ့ရပါတယ်။ မြန်မာအသင်းရဲ့ အရန်ခုံမှာ ဇင်လင်းထွန်း  ၊ စည်သူအောင်၊ ဝင်းနိုင်စိုး တို့လို ကစားသမားကောင်းတွေ အသင့်ရှိနေဆဲပါ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly