LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)

25 November 2019
LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)
2019 SEA Games Group Stage November 25, 2:30

Malaysia
1-1 (FT)
Hadi Fayyadh 23' Soe Moe Kyaw 13'
Stadium - ရီဇယ်မန်မိုရီရယ်
57 Min

မြန်မာအသင်းရဲ့ နောက်ခံလူ (၃)ယောက်စလုံး လက်ရှိအချိန်မှာ အဝါကတ် အပြခံထားရပြီဖြစ်လို့ မြန်မာခံစစ်ပိုင်းက ပိုလို့ သတိထားရမယ့်အခြေအနေကို ရောက်လာခဲ့ပါပြီ။

55 Min

မလေးရှားအသင်းရဲ့ ကျောနံပတ် (၉) ရာဇက် လည်း ကစားပုံ ကြမ်းခဲ့လို့ အဝါကတ် အပြခံထားရတယ်ခင်ဗျာ

54 Min

လက်ရှိအချိန်မှာ မြန်မာအသင်း နောက်ခံလူ ရဲရင့်အောင် ရဲ့ ဖျက်ထုတ်မှုကြောင့် ပြစ်ဒဏ်ဘော ပေးထားရပြီး ရဲရင့်အောင်လည်း အဝါကတ် အပြခံခဲ့ရတယ်ခင်ဗျာ။

52 Min

ထောင့်ကန်ဘောတွေကို အသုံးချရာမှာ အားသာတဲ့ မြန်မာအသင်းကတော့ ထောင့်ကန်ဘောတွေကနေ ဂိုးရဖို့ ကြိုးစားနေတယ် ခင်ဗျာ။ ဒီတစ်ကြိမ်မှာလည်း မြန်မာအသင်း ထောင့်ကန်ဘော ရခဲ့ပြန်ပါပြီ။

ပွဲချိန်ဒုတိယပိုင်းမှာ မြန်မာအသင်းကချည်း ထောင့်ကန်ဘောတွေရနေခဲ့ပြီး မလေးရှားအသင်းကတော့ ခံစစ်မှာသာ ရှိနေဆဲပါ။

50 Min

မြန်မာအသင်းရဲ့ ညာခြမ်းကနေ ထိုးဖောက်လာမှုကို မလေးရှားနောက်ခံလူတွေ တားဆီးရာက တစ်ဆင့် မြန်မာအသင်း ထောင့်ကန်ဘော ကန်ခွင့်ရတယ်ခင်ဗျာ။ မြတ်ကောင်းခန့် ကန်တင်မှာဖြစ်ပါတယ်။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly