LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)

25 November 2019
LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)
2019 SEA Games Group Stage November 25, 2:30

Malaysia
1-1 (FT)
Hadi Fayyadh 23' Soe Moe Kyaw 13'
Stadium - ရီဇယ်မန်မိုရီရယ်
77 Min

လက်ရှိအချိန်မှာတော့ မြန်မာ ကစားသမားတွေတင်မဟုတ်ပဲ မလေးရှား ကစားသမားတွေလည်း ကွင်းအတွင်းမှာ မကြာခဏ လဲကျနေကြတယ် ခင်ဗျာ။ နှစ်သင်းစလုံးရဲ့ ကြံ့ခိုင်မှုအနေအထားကြောင့် ပွဲချိန် မကြာခဏ နားနေခဲ့ရတာကို မြင်ရမှာပါ။

75 Min

ဒီလိုအချိန်တွေက မြန်မာကစားသမားတွေအတွက် စိုးရိမ်စရာအချိန်လို့ ပြောရမယ်ခင်ဗျာ။ ပွဲချိန် (၇၅)မိနစ်လောက်ဆိုရင် မြန်မာကစားသမားတွေ သက်လုံကျသွားတတ်လို့ ပြိုင်ဖက်ရဲ့ သွင်းဂိုးတွေကို အများဆုံး ခွင့်ပြုနေရချိန် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒီအချိန်မှာ မြန်မာအသင်းအနေနဲ့ ပိုပြီး အာရုံစိုက်ကစားဖို့တော့ လိုအပ်နေပါပြီ။

73 Min

ပွဲချိန် မိနစ် (၇၀)ကျော်ကို ရောက်လာခဲ့ပြီ ခင်ဗျာ။ နှစ်သင်းစလုံးက အမှားမလုပ်မိအောင် ထိန်းကစားနေကြပြီး ဘောလုံးက ကွင်းလယ်မှာတင် အချိန်ကုန်နေတာကို တွေ့နေရပါတယ်။ မြန်မာအသင်းရဲ့ ကျောနံပတ်(၁၂) အောင်ဝဏ္ဏစိုး တစ်ယောက် ဒဏ်ရာရနေခဲ့လို့ ကွင်းအတွင်းမှာ ဆေးကုသမှု ခံယူနေရပါပြီ။

71 Min

မြန်မာအသင်းအတွက် လူစားဝင်လာခဲ့တဲ့ ဝင်းနိုင်ထွန်းနဲ့ စည်သူအောင် တို့ရဲ့ ခြေစွမ်းက အသင်းအတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်ခင်ဗျာ။ လက်ရှိအချိန်မှာတော့ မလေးရှားရဲ့ ကျောနံပတ် (၁၅) ဒဏ်ရာရနေခဲ့လို့ ကွင်းအတွင်းမှာ ဆေးကုသမှု ခံယူနေရပါတယ်။

69 Min

မြန်မာအသင်းအတွက် အတွေ့အကြုံများတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ စည်သူအောင် လူစားဝင်လာခဲ့ပြီ ခင်ဗျာ။ ထက်ဖြိုးဝေနဲ့ လူစားလဲလိုက်တာဖြစ်ပါတယ်။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly