LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)

14 December 2019
LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)
Premier League December 14, 19:00

Liverpool
2-0 (FT)
Salah 38' 90'
Anfield
60 Min - Yellow

အစ္စမိုင်လာဆား ကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့ မီလ်နာ တစ်ယောက် အဝါကတ် ထိသွားပြန်ပါပြီ။

58 Min

ဝက်ဖို့ဒ်တိုက်စစ်ကစားသမား ဒယ်လိုဖူ ဆီက ဘောလုံးလုဖို့ဆိုတာ လီဗာပူးလ်နောက်ခံလူတွေအတွက်တော့ အိပ်မက်ဆိုးကြီးပဲလို့ ပြောရမလားပဲ။ လီဗာပူးလ်နောက်ခံလူ မီလ်နာ ဟာ ဒယ်လိုဖူ ဆီကနေ ဘောလုံး (၃)ကြိမ် ဝင်ရောက်လုယူခဲဲ့ပြီး (၃)ကြိမ်လုံး မအောင်မမြင်ဖြစ်ခဲ့တာကို တွေ့နေရတယ်ခင်ဗျာ။

56 Min

ဒီနေ့ပွဲမှာ လီဗာပူးလ်ဂိုးသမား အလစ်ဆန် တစ်ယောက် ဝက်ဖို့ဒ်အသင်းရဲ့ အပိုင်ကန်သွင်းမှု (၂)ကြိမ်လောက်ကို ကာကွယ်ထားခဲ့လို့လည်း လီဗာပူးလ်အသင်း ကံကောင်းနေခဲ့တာလို့ ဆိုရပါမယ်။ 

54 Min

VAR ရဲ့ အဆုံးအဖြတ်ကတော့ လီဗာပူးလ်အသင်းအတွက် တကယ့်ကို စိတ်ပျက်စရာ ဖြစ်သွားခဲ့တာပါ။ မာနေး တစ်ယောက် တကယ့်ကို မဆိုစလောက်လေး လူကျွံနေတာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဂိုးမပေးဖို့ကိုပဲ ဆုံးဖြတ်ခဲ့တယ် ခင်ဗျာ..။

VAR

မာနေး ဂိုးသွင်းတဲ့အချိန် လူကျွံနေလားဆိုပြီး ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်နေတယ်ခင်ဗျာ။

ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပြီး ဂိုးမပေးခဲ့ပါဘူး။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly