LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)

14 December 2019
LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)
Premier League December 14, 19:00

Liverpool
2-0 (FT)
Salah 38' 90'
Anfield
Goal!!!

မာနေး ရဲ့ ခေါင်းတိုက်ဂိုးနဲ့ လီဗာပူးလ်တွေ ဒုတိယမြောက်သွင်းဂိုး ရရှိသွားခဲ့ပါပြီ။

50 Min

ဝက်ဖို့ဒ်အသင်းက တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ ကြိုးစားနေတာကို တွေ့နေရတာ ခင်ဗျာ။ ဒါပေမယ့် ဒယ်လိုဖူရဲ့ တစ်ကိုယ်တော် ကြိုးစားမှုက လီဗာပူးလ်နောက်ခံလူတွေကို မကျော်နိုင်ဖြစ်သွားခဲ့တာပါ။ ဝက်ဖို့ဒ်အသင်းက ဒုတိယပိုင်းပွဲအစမှာတင် အခွင့်အရေးတွေ ရနေခဲ့တာ ခင်ဗျာ။

48 Min

လီဗာပူးလ်အသင်းအနေနဲ့ ဒီပွဲမှာ အနိုင်ရဖို့ဆိုရင်တော့ ပထမပိုင်းတုန်းကလိုမျိုး လျော့တိလျော့ရဲ ကစားနေတာကို ပြင်ဆင်ဖို့ လိုမယ် ခင်ဗျာ။ မီလ်နာ ပါဝင်လာတဲ့နောက်တန်းက ပြိုင်ဖက်အသင်းကို အခွင့်အရေးတွေ ပေးနေရတာကိုလည်း နည်းပြ ကလော့ပ်တစ်ယောက် ပြင်ဆင်ဖို့ လိုမယ်ထင်ပါတယ်။

Kick Off - 46 Min

လီဗာပူးလ်အသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ ဒုတိယပိုင်း ပွဲချိန်တွေကတော့ ပြန်လည်စတင်လိုက်ပြီ ခင်ဗျာ။

Liverpool 1 – 0 Watford (HT)

လီဗာပူးလ်အသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ ပထမပိုင်း ပွဲကစားချိန်တွေကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ ဝက်ဖို့ဒ်အသင်းအနေနဲ့ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပြီး အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့သာ လီဗာပူးလ်ကို ဂိုးမသွင်းနိုင်ခဲ့တာပါ။ လီဗာပူးလ်အသင်းကတော့ ထင်သလောက် ကစားပုံမကောင်းခဲ့ပဲ ဆာလက်ရဲ့ အဆုံးသတ်သေချာမှုကြောင့်သာ ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ဘာတွေ ဘယ်လို ဆက်ဖြစ်ကြဦးမလဲဆိုတာ အားလုံး အတူတူ စောင့်ကြည့်ကြရအောင်နော်…။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly