LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)

19 January 2020
LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)
Premier League January 19, 23:00

Liverpool
2-0 FT
Virgil van Dijk 14' Salah 90+3
Anfield
Kick Off - 46 Min

လီဗာပူးလ်နဲ့မန်ယူတို့ရဲ့ ဒုတိယပိုင်းပွဲချိန်တွေကို ပြန်လည်စတင်လိုက်ပြီ ခင်ဗျာ

Liverpool 1 – 0 Man United (⏱️ HT)

လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ပြီးဆုံးသွားခဲ့ပါပြီ။ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ရဲ့တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့အတူ လီဗာပူးလ်တို့ ဦးဆောင်နေခဲ့တာဖြစ်ပြီး မန်ယူအသင်းကတော့ ပထမပိုင်းပြီးဖို့ (၅)မိနစ် အလိုမှသာ လီဗာပူးလ်ဖက်ကို ပြန်ပြီး ဖိအားပေးနိုင်တာကို တွေ့ခဲ့ရတာပါ။

ပထမပိုင်းမှာ VAR ကြောင့် (၂)ဂိုးပယ်ဖျက်ခံခဲ့ရတဲ့ လီဗာပူးလ်အသင်းက ဒုတိယပိုင်းမှာရော ဂိုးတွေရဦးမလား… ဒါမှမဟုတ် မန်ယူကပဲ လူအပြောင်းအလဲတွေ လုပ်ပြီး ချေပဂိုးတွေ သွင်းနိုင်မလားဆိုတာ ပွဲချိန် ဒုတိယပိုင်းမှာ ဆက်လက်ရင်ခုန်လိုက်ကြရအောင်ပါနော်။

Injury Times (+2)

ပထမပိုင်းပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၂)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

45 Min

ဂိုးဧရိယာအစပ်နားက ကန်လိုက်တဲ့ မာရှယ်ရဲ့ကန်ချက်က ဂိုးရဖို့  နီးစပ်ခဲ့တာ ခင်ဗျာ။ မန်ယူအသင်းအတွက်တော့ ပထမဆုံးရတဲ့ ဂိုးကန်သွင်းခွင့်လည်း ဖြစ်ခဲ့ပါတယ်။

44 Min

ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေက လီဗာပူးလ်အသင်းဖက်ကို ပိုပြီး အသာရနေစေတာကိုတော့ မြင်နေရတယ် ခင်ဗျာ။ မန်ယူကစားသမားတွေက ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို မကြာခဏ စောဒက တက်နေကြတာကိုတွေ့နေရပါတယ်။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly