LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)

19 January 2020
LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)
Premier League January 19, 23:00

Liverpool
2-0 FT
Virgil van Dijk 14' Salah 90+3
Anfield
43 Min

မန်ယူအသင်းအတွက်တော့ ကံကောင်းတာ နှစ်ခါ ရှိသွားခဲ့ပြီ လို့ပြောရမယ် ခင်ဗျာ။ လီဗာပူးလ်အသင်းရဲဲ့ နောက်ထပ် သွင်းဂိုး(၂)ဂိုးကို VAR နဲ့ ငြင်းပယ်ခြင်းခံထားရလို့သာ မန်ယူအသင်း သက်သာရာ ရနေခဲ့တာပါ။

41 Min

လီဗာပူးလ်အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးရမလို ဖြစ်ခဲ့တာ ခင်ဗျာ။ ဝစ်နယ်ဒန် ရဲ့ ကန်သွင်းချက်က ဂိုးထဲဝင်သွားခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်ကတော့ လူကျွံဘောအဖြစ်သာ သတ်မှတ်ပေးခဲ့ပါတယ်။

38 Min

ပထမပိုင်းပွဲကစားချိန် ပြီးဆုံးဖို့ မိနစ်အနည်းငယ်သာ လိုတော့တာ ခင်ဗျာ။ လက်ရှိအချိန်အထိတော့ လီဗာပူးလ်အသင်းက ဗန်ဒိုက်ရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ မန်ယူအသင်းကို ဦးဆောင်ထားနိုင်ခဲ့ပြီး နေရာစုံမှာ အသာစီးရနေတာကို တွေ့နေရပါတယ်။

36 Min

မန်ယူအသင်းရဲ့  လက်ရှိအခြေအနေကတော့တန်ပြန်တိုက်စစ်ကိုတောင် ပြန်မစနိုင်ပဲဖြစ်နေတာပါ။ လီဗာပူးလ်ရဲ့ ဖိအားပေးမှုတွေကိုသာ ကာကွယ်နေခဲ့ရပြီး တိုက်စစ်က အခွင့်အရေးတစ်ကြိမ်တောင် မရသေးဘူး ခင်ဗျာ။

34 Min

လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေကတော့ အီဂျစ်ရဲ့ဘုရင်ကြီးဆိုတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး တိုက်စစ်မှူး ဆာလက် ကို ဂုဏ်ပြုနေတယ် ခင်ဗျာ။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly