LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)

01 February 2020
LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 1, 19:00

Leicester City
2-2 (FT)
Barnes 54' Chilweel 64' Rudiger 46' 71'
Stadium: King Power Stadium
33 Min

လက်စတာအသင်းက ဂိုးရလုနီးပါး အခြေအနေတစ်ရပ် ဖြစ်ခဲ့တာ ခင်ဗျာ။ လက်စတာ ကစားသမား (၄)ယောက်နဲ့ ချယ်လ်ဆီးနောက်ခံလူ (၃)ယောက် ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် ဗာဒီ ပေးပို့လိုက်တဲ့ ဘောလုံးကို ရူဒီဂါ ဖျက်နိုင်ခဲ့လို့ ချယ်လ်ဆီးအသင်း သက်သာ သွားခဲ့တာ ပါ။ ဗာဒီ ရဲ့ အပိုင်ကန်သွင်းချက်ကို ကာဘယ်လာရို တစ်ယောက် ကာကွယ်သွားတာကို တွေ့နေရတယ် ခင်ဗျာ

31 Min

လက်စတာအသင်းရဲ့ ကွင်းလယ်လူ အမ်ဒီဒီ တစ်ယောက် ဒဏ်ရာရနေခဲ့လို့ လက်စတာရဲ့ ကွင်းလယ်က ပုံံစံပျက်သွားသလို ဖြစ်သွားခဲ့ပါတယ်။ ပါရက်၊ ချောင်ဒူရီ ဘယ်သူမှ အမ်ဒီဒီရဲ့နေရာကို မဖြည့်နိုင်ပဲ ဖြစ်နေပြီး ဘရန်ဒန်ရော်ဂျာဟာ သူ့ရဲ့ ကွင်းလယ်နေရာအတွက် ခေါင်းခြောက်နေခဲ့ရတာပါ။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ လက်စတာရဲ့ ကွင်းလယ်ဟာ ချယ်လ်ဆီးကို ယှဉ်ကစားနေနိုင်တာကို တွေ့ရတယ် ခင်ဗျာ

29 Min

ပထမပိုင်းပွဲချိန်ကတော့ မိနစ် (၃၀)နားကို ကပ်လာခဲ့ပြီ ခင်ဗျာ။ ပွဲချိန် (၂၅)မိနစ် နောက်ပိုင်းမှာတော့ လက်စတာက  ချယ်လ်ဆီးဖက်ကို ပြန်လည်ဖိအားပေးနေတာ တွေ့ရပြီး ချယ်လ်ဆီးနောက်ခံလူတွေ အသည်းအသန် ဖျက်ထုတ်နေခဲ့ရတာပါ။

27 Min

လက်စတာအသင်းကစားသမားတွေ ချယ်လ်ဆီးဖက်ကို ဖိအားပေး ကစားနေကြပြီး ဂိုးဧရိယာထိပ်က ကန်ချက်တွေနဲ့ ဂိုးသမား ကာဘယ်လာရို ကို အကဲစမ်းနေကြတယ် ခင်ဗျာ။ ဒါပေမယ့်လည်း သူတို့ရဲ့ ကန်ချက်တွေက လူထိပြီး ပြန်ထွက်လာခဲ့တာကြောင့် ကာဘယ်လာရို တစ်ယောက် ဖမ်းခွင့်တောင် မရသေးပါဘူး။

No Penalty

ကံဆိုးစွာနဲ့ပဲ ဒီအခြေအနေဟာ ပင်နယ်တီ မဖြစ်သင့်ဘူးလို့ VAR က ဆုံးဖြတ်ခဲ့ပါတယ်။