LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)

01 February 2020
LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 1, 19:00

Leicester City
2-2 (FT)
Barnes 54' Chilweel 64' Rudiger 46' 71'
Stadium: King Power Stadium
VAR

လက်စတာအသင်း ဂိုးဧရိယာထဲမှာ အေဗရာဟင် ကို ဆိုယွန်ကူ ဆွဲထားခဲ့တယ်ဆိုပြီး ပင်နယ်တီ တောင်းနေကြတာပါ။ ဒီအခြေအနေက ချယ်လ်ဆီးအသင်း ဂိုးရသွားနိုင်တဲ့ အခြေအနေဖြစ်လို့ ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်ကြည့်ပြီး  ဆုံးဖြတ်နေတယ် ခင်ဗျာ

23 Min

ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းဖို့ ကြိုးစားခဲ့တဲ့ အေဗရာဟင် အတွက်တော့ ခြေတစ်လှမ်းစာလေး နောက်ကျသွားတာလို့ ပြောရမယ် ခင်ဗျာ။ ပွဲကစားချိန် မိနစ် (၂၀)လောက်အတွင်း အေဗရာဟင် အနေနဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေး (၂)ကြိမ်လောက် ရခဲ့ပြီး အသုံးမချနိုင်ခဲ့ပါဘူး။

21 Min

လက်စတာကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကြောင့်် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောတွေ မကြာခဏ ပေးနေခဲ့တာကို တွေ့ရတယ် ခင်ဗျာ။ လက်ရှိအချိန်အထိတော့ ချယ်လ်ဆီးက ပိုကောင်းတဲ့ ကစားပုံကို ပြနေပြီး အေဗရာဟင်ရဲ့ အပိုင်ဂိုးသွင်းနိုင်မယ့် တစ်ကြိမ် လွဲချော်သွားတာကို အခုလေးတင် မြင်လိုက်ရပါတယ်။

19 Min

ဂျော်ဂျင်ဟိုနဲ့ ဘောလုံးယှဉ်လုရင်း တိုင်လီမန်းက အနောက်ကနေ နင်းလိုက်သလို ဖြစ်သွားတာကို တွေ့လိုက်ရတယ် ခင်ဗျာ။ ကွင်းလယ်ဒိုင် မေဆင် က ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပါတယ်။

17 Min

ပထမပိုင်း (၁၀)မိနစ်ကျော် ဘောလုံးပိုင်ဆိုင်မှုမှာတော့ ချယ်လ်ဆီးက (၆၀)ရာခိုင်နှုန်းရှိနေပြီး လက်စတာ က (၄၀)ရာခိုင်နှုန်းသာ ရှိတာကို တွေ့နေရပါတယ်။