LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)

01 February 2020
LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 1, 19:00

Leicester City
2-2 (FT)
Barnes 54' Chilweel 64' Rudiger 46' 71'
Stadium: King Power Stadium
42 Min

လက်စတာရဲ့ အဓိက ခံစစ်မှူး ဆိုယွန်ချူ ကို ကြည့်ရတာ ဒီပွဲအတွက် ဖိအားများနေသလိုပဲ ခင်ဗျာ။ မလိုအပ်တဲ့ ဖျက်ထုတ်မှုတွေကို တွေ့နေရသလို သူ့ကြောင့် လက်စတာအသင်း ပင်နယ်တီပေးရမလို နှစ်ကြိမ်အထိ ဖြစ်ခဲ့တာပါ။

40 Min

ဒီပွဲကို အားလုံးက သွင်းဂိုးများများ မြင်ရလိမ့်မယ်လို့ ထင်ထားကြပေမယ့် ပွဲကစားချိန် မိနစ် (၄၀) ရောက်လာတဲ့အထိ နှစ်သင်းစလုံး ဂိုးရဖို့ ရုန်းကန်နေကြရဆဲ ခင်ဗျာ

38 Min

လက်စတာအသင်းက ဒီနေ့ပွဲမှာ ချီဝဲလ်၊ တိုင်လီမန်း တို့ရဲ့ ဘယ်ခြမ်းကနေ ချယ်လ်ဆီးကို အဓိက ဖိအားပေးနေပြီး အဲဒီဖက်ခြမ်းမှာကစားနေတဲ့ လူငယ်ခံစစ်မှူးလေး ရိစ်ဂျိမ်းစ်ကို အလုပ်ရှုပ်နေစေခဲ့တာပါ။

36 Min

ချယ်လ်ဆီးအသင်း ကွင်းလယ်လူ မေဆွန်မောင့်တ်ရဲ့ ထိုးဖောက်မှုက တော်တော်လေး အန္တရာယ်များခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့တယ် ခင်ဗျာ။

35 Min

ချယ်လ်ဆီးအသင်းက လက်စတာအသင်း ဂိုးဧရိယာထိပ်မှာ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ ကန်ချက်က ဂိုးပေါက်နဲ့ လွဲသွားခဲ့တယ် ခင်ဗျာ။