LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)

01 February 2020
LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 1, 19:00

Leicester City
2-2 (FT)
Barnes 54' Chilweel 64' Rudiger 46' 71'
Stadium: King Power Stadium
Goal!!!

ဒုတိယပိုင်းစတယ်ဆိုရင်ပဲ ချယ်လ်ဆီးအသင်းက  ဦးဆောင်ဂိုး ရသွားခဲ့ပြီ ခင်ဗျာ။ ရူဒီဂါ က သွင်းယူပေးသွားခဲ့တာပါ။

Kick Off - 46 Min

လက်စတာ အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ဒုတိယပိုင်း (၄၅)မိနစ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

Leicester 0 – 0 Chelsea (HT)

လက်စတာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နေတဲ့အသင်းတွေ ပီပီ အမှားမလုပ်မိအောင်် ထိန်းပြီး ကစားနေကြလို့ ပွဲက ထင်သလောက်ကြည့်မကောင်းခဲ့ပဲ ပထမပိိုင်းမှာ ဂိုးမရှိ သရေ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာရော ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားပုံမျိုးနဲ့ ပြန်လာမလားဆိုတာ Mizzima နဲ့အတူ ဆက်ပြီး စောင့််ကြည့်လိုက်ကြရအောင်နော်….

Injury Times (+2)

ပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၂)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ

44 Min

ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောတွေက ချယ်လ်ဆီးအတွက် အသက် လိုတောင် ဖြစ်နေခဲ့ပြီ ခင်ဗျာ။ သူ့ရဲ့တိကျတဲ့ ပေးပို့မှုတိုင်းကို လက်စတာအသင်းက အသည်းအသန်ဖျက်နေရပြီး ထောင့်ကန်ဘောတွေ မကြာခဏ ရနေတာကို တွေ့နေရပါတယ်။