LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)

01 February 2020
LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 1, 19:00

Leicester City
2-2 (FT)
Barnes 54' Chilweel 64' Rudiger 46' 71'
Stadium: King Power Stadium
60 Min

လက်စတာအသင်းက ချေပဂိုးရသွားခဲ့လို့ နှစ်သင်းပေါင်း သွင်းဂိုးအများကို မြင်ရတော့မယ့် ပုံပါပဲ။ လက်စတာအသင်းက  တိုက်စစ်ကို ချယ်လ်ဆီးထက်ပိုကောင်းအောင် ကစားပြနေပြီး ဘယ်ညာ တောင်ပံတွေကနေ ဖြတ်တင််ဘောတွေ တက်လာနေတာကို မြင်နေရတယ် ခင်ဗျာ

Goal!!!

လက်စတာအသင်းက ချေပဂိုးရရှိသွားခဲ့ပြီ ခင်ဗျာ။ တောင်ပံမှာ ကစားနေတဲ့ ဘန်းစ် က သွင်းယူပေးသွားခဲ့တာပါ။

57 Min

လက်စတာအသင်းက  ဒီရာသီမှာ တိုက်စစ်ကစားပုံ ကောင်းလာခဲ့ပေမယ့် ခံစစ်က ပေးဂိုးတွေ များလာတာကိုလည်း တွေ့နေရတယ် ခင်ဗျာ။ အသင်းက တိုက်စစ်ကို အသားပေးလွန်းလို့ ခံစစ်ကစားသမားတွေက ပိုသတိထားနေရပြီး ဖိအားများတဲ့ ခံစစ်ကစားပုံကို ပြသနေခဲ့ကြတာပါ။

55 Min

လက်စတာအသင်းက သူတို့နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၇)ပွဲလုံး သွင်းဂိုးအများတွေချည်း ဖြစ်ထားလို့ ဒီပွဲမှာလည်း ဂိုးအများပဲ ဖြစ်လိမ့်ဦးမယ်လို့ သုံးသပ်မှုတွေ ရှိထားတာပါ။ ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးပေါက်ပျောက်ခဲ့ပေမယ့် ဒုတိယပိုင်းအစမှာပဲ သွင်းဂိုးတွေ မြင်လာရလို့ ဒီပွဲက ဂိုးအများဖြစ်ဦးမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေတယ် ခင်ဗျာ

53 Min

ရူဒီဂါ ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဒုတိယပိုင်းအစမှာပဲ ချယ််လ်ဆီးတို့ ဦးဆောင်နိုင်ခဲ့တာပါ။ ရူဒီဂါ အတွက်တော့ ဒီရာသီရဲ့ ပထမဆုံး သွင်းဂိုး ဖြစ်လာခဲ့ပြီး ကင်းပါ၀ါကွင်းကြီးမှာ လက်စတာ ပရိသတ်တွေ အသံတိတ်နေခဲ့ပြီ ခင်ဗျာ