Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
35 Min

ပီရက်ဇ်ရဲ့ ညာခြမ်းကနေ ပေးပို့မှုကို ဗာဒီ တစ်ယောက် အပိုင်ပိတ််ဖို့ ကြိုးစားခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ဘောလုံးက နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာခဲ့လို့ ဗာဒီ ဟန်ချက်ပျက်ပြီး လွဲချော်သွားခဲ့တာပါ။ အာဆင်နယ်အတွက်တော့ တကယ့်ကို ကံကောင်းမှု တစ်ခုပါပဲ။

34 Min

ပွဲချိန် (၃၅)မိနစ်နား ကပ်လာတဲ့အထိ နှစ်သင်းစလုံးကတော့ ဂိုးတွေ မသွင်းနိုင်သေးတာကို တွေ့နေရပါတယ်။ လက်ရှိကစားပုံအရတော့ လက်စတာ က အာဆင်နယ်ထက် ဂိုးပေါက်ကန်သွင်းမှုတွေကို ပြုလုပ်ထားနိုင်ခဲ့ပြီး သူတို့အနေနဲ့ ဂိုးရဖို့ အခွင့်အရေးတွေ ရှိနေတယ်ခင်ဗျာ။

32 Min

လက်စတာရဲ့ ပီရက်ဇ်နဲ့ ပါရဲရားတို့ သူတို့ရဲ့ ညာခြမ်းတိုက်စစ်ကနေ အာဆင်နယ်ကို ဖိအားပေးနေခဲ့ပြီး ဂိုးရဖို့ အရမ်းကို နီးစပ်နေတဲ့အနေအထားတွေကို တွေ့နေရပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ အာဆင်နယ်အသင်း တစ်ချိန်မဟုတ် တစ်ချိန်ဂိုးပေးလိုက်ရနိုင်တဲ့ အနေအထားပဲခင်ဗျာ။

30 Min

လက်စတာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲဆက် အနို်င်ရရှိထားခဲ့ပြီး အကောင်းဆုံး ပုံစံကို ရနေတယ်လို့တောင် ပြောနိုင်ပါတယ်။ လက်စတာအသင်းရဲ့ ဂိုးသွင်းနှုန်းကလည်း အားရစရာဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် (၄)ပွဲမှာ (၂)ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တာချည်းပါပဲ။ ဒါပေမယ့် လက်ရှှိအချိန်မှှာတော့ လက်စတာဟာ အာဆင်နယ်ကို နိုင်ဖို့ တော်တော်လေး ရုန်းကန်ရဦးမယ့်ပုံ ခင်ဗျာ။

28 Min

ဘယ်လာရင်ရဲ့ လူပေးမှားမှုကနေ ပီရက်ဇ်တစ်ယောက် အပိုင်ကန်သွင်းခွင့်ရခဲ့တာခင်ဗျာ။ သူ့ရဲ့ကန်ချက်က ဂိုးပေါက်နဲ့ နည်းနည်းလေး ကပ်လွဲသွားခဲ့ပါတယ်။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly