Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
27 Min

ချန်ဘာ၊ လူးဝစ္စနဲ့ ဟိုးလ်ဒင်း တို့နဲ့ တည်ဆောက်ထားတဲ့ အာဆင်နယ်ခံစစ်ကတော့ လက်ရှိအချိန်အထိ တည်ငြိမ်နေဆဲပဲ ခင်ဗျာ။ လက်စတာရဲ့ အားသန်တဲ့ တောင်ပံတိုက်စစ်တွေကို ဟန့်တားဖို့ ဘယ်လာရင်နဲ့ ကိုလာစီနက် တို့ကလည်း ကွင်းလယ်မှာ ဖြတ်တောက်နေခဲ့လို့ အာဆင်နယ်ခံစစ်က ဖိအားကင်းကင်းနဲ့ ကစားနေနိုင်တာကို တွေ့နေရပါတယ််။

25 Min

လက်စတာအသင်းကတော့ ဒီရာသီမှာ အိမ်ကွင်း ရှုံးပွဲမရှိသေးတဲ့ အသင်းခင်ဗျာ။ ဒီ အားသာချက်ကြောင့်ပဲ လက်စတာတို့ ဒီပွဲမှာ ပိုကောင်းတဲ့အသင်း ဖြစ်နေတယ်လို့တောင်ပြောနိုင်ပြီး အာဆင်နယ်အသင်းကို အခက်တွေ့အောင် ဖိအားပေး ကစားနေကြပါတယ်။ ပွဲချိန် (၂၅)မိနစ်နီးပါး ရောက်လာပေမယ့် နှစ်သင်းလုံး ဂိုးမသွင်းနိုင်ကြသေးပါဘူး။

23 Min

လက်ရှိအချိန်အထိတော့ အာဆင်နယ်အတွက် အူဘာမီယန်းတစ်ယောက် အကောင်းဆုံးခြေစွမ်းပြနေပေးနေပြီး လာကာဇက်ကတော့ တိုက်စစ်မှာ အခွင့်အရေးတွေကို တောက်လျှောက်ဖြုန်းတီးပစ်နေခဲ့တယ်ခင်ဗျာ။

22 Min

လက်စတာအသင်းရဲ့ညာခြမ်းက ပါရဲရားနဲ့ အာဆင်နယ်ရဲ့ ကိုလာစီနက် တို့ ထိပ်တိုက်တွေ့နေတယ်ခင်ဗျာ။ တိုက်စစ်ကို လိုက်ပါ ကစားနေတဲ့ ပါရဲရားကို ကိုလာစီနက် က အစွမ်းကုန်ထိန်းချုပ်နေရတာကို မြင်နေရပါတယ်။

20 Min

လက်စတာအသင်းရဲ့ ဒီတစ်ကြိမ်ပေးပို့မှုက တကယ့်ကို အန္တရာယ်များခဲ့တာခင်ဗျာ။ ပီရက်ဇ်ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ချန်ဘာ ရှင်းထုတ်နိုင်ခဲ့လို့သာ အာဆင်နယ်အသင်း ဦးဆောင်ဂိုးမပေးခဲ့ရတာပါ။ မဟုတ်ရင်တော့ ဂိုးရှေ့မှာ အသင့်စောင့်နေတဲ့ ဗာဒီအတွက် ကောက်စားလုပ်လိုက်ရုံပါပဲ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly