LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

42 Min

တော်ရဲရားနဲ့ ဇာခါ တို့ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်ကွင်းလယ်က ခံစစ်ပိုင်းကို ကူညီနေနိုင်ပေမယ့် တိုက်စစ်ကို လိုက်ပါကစားမှုမှာတော့ အားနည်းနေတာကို တွေ့နေရပါတယ်။ အဓိက တိုက်စစ်မှူး အူဘာမီယန်း ဆီကို ဘောလုံးရောက်အောင်ပေးနိုင်ဖို့ ခက်ခဲနေတာကို တွေ့နေရပြီး ပထမပိုင်းပွဲပြီးတော့မယ့်အချိန်အထိ အူဘာမီယန်း တစ်ယောက် ထိရောက်တဲ့ ဂိုးကန်သွင်းမှုမျိုးကို မလုပ်နိုင်တာ တွေ့နေရပါတယ်။

40 Min

ပထမပိုင်း ပွဲကစားချိန်တွေကတော့ ပြီးဆုံးတော့မယ် ခင်ဗျာ။ အဲဗာတန်အသင်းက ပိုပြီး ဖိအားပေးကစားနေတယ်ဆိုပေမယ့် နှစ်သင်းစလုံးက အခွင့်အရေးတွေ ထိထိရောက်ရောက် မရကြသေးပဲ ဂိုးဧရိယာအပြင်က ကန်ချက်တွေနဲ့သာ သွေးတိုးစမ်းနေခဲ့ကြရတာပါ။

38 Min

အာဆင်နယ်အသင်းကတော့ သူတို့ နောက်ဆုံး ကစားးခဲ့တဲ့ ပွဲစဉ် (၁၂)ပွဲမှာ နိုင်ပွဲတစ်ပွဲပဲ ရှိထားခဲ့သေးတာပါ။ အဲဗာတန်အသင်းရဲ့ ဂူဒီဆင်ပတ်မှာ သွားရောက်ကစားခဲ့တဲ့ နောက်ဆုံး (၃)ကြိမ်မှာတော့ အဲဗာတန်က (၂)ပွဲနိုင်ပြီး အာဆင်နယ်အသင်းက တစ်ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရလည်း  ဂူဒီဆင်ပတ် မှာ အဲဗာတန်ကို နိုင်ဖို့တော့ ရုန်းကန်သွားရမယ့်အခြေအနေပဲ ခင်ဗျာ။

36 Min

အာဆင်နယ်အသင်းက တန်ပြန်တိုက်စစ်တွေကနေပဲ ထိုးဖောက်ဖို့ ကြိုးစားနေရပြီး နယ်လ်ဆင် ပွဲထွက်လာတဲ့ ညာခြမ်းတိုက်စစ်ကတော့ အသက်မဲ့နေဆဲပဲ ခင်ဗျာ။ နည်းပြ ယွန်းဘတ်အတွက်တော့ လာကာဇက် ကို အရန်ခုံမှာထားပြီး နယ်လ်ဆင် ကို ပွဲထုတ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်ရမလို ဖြစ်ခဲ့တာပါ။ အဲဗာတန်ကတော့ အတွေ့အကြုံနည်းတဲ့ အာဆင်နယ် လူငယ်ကစားသမားလေးတွေအပေါ် သက်သောင့်သက်သာ ဖိအားပေးနေခဲ့ပါတယ်။

34 Min

အဲဗာတန်အသင််းရဲ့ ယာယီနည်းပြ ဒန်ကန်ဖာဂူဆန်ဟာ လက်စတာအသင်းကိုပင်နယ်တီနဲ့ ရှုံးခဲ့ရတဲ့ ကာရာဘောင်းဖလားပွဲကလွဲလို့ (၃)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပြထားနိုင်တယ်လို့ ပြောရမှာပါ။ မာကိုဆေးလ်ဗား ထွက်သွားပြီးတဲ့နောက်မှာပဲ အဲဗာတန်ဟာ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာခဲ့ပြီး ကစားပုံကလည်း တော်တော်လေး ကောင်းလာခဲ့တာခင်ဗျာ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly