LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

32 Min

အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ ပွဲထွက်လာခဲ့တဲ့ ဆာကာ ကတော့ အဝါကတ်အပြခံလိုက်ရပါပြီ။ ဆာကာ ကစားတဲ့ ဘယ်ခြမ်းခံစစ်ကို အဲဗာတန်အသင်းက အဓိက ဖိအားပေးနေခဲ့လို့ အချိန်ကြာလာတာနဲ့အမျှ ဆာကာ တစ်ယောက် ဖိအားများနေခဲ့တာ ခင်ဗျာ။

30 Min

ပထမပိုင်းပွဲချိန်က မိနစ် (၃၀) အထိရောက်လာခဲ့ပေမယ့် နှစ်သင်းစလုံးက ထိရောက်တဲ့ ဂိုးကန်သွင်းခွင့်တွေ မလုပ်ထားနိုင်သေးဘူးခင်ဗျာ။ ဘောလုံးက ကွင်းလယ်မှာ အပျက်များနေခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ဆိုရင် အဲဗာတန်ဂိုးပေါက်ကို ကန်ခွင့်တစ်ကြိမ်မှ မရသေးပါဘူး။

28 Min

အာဆင်နယ်အသင်းရဲ့ ခံစစ်က ဒီရာသီမှာ တော်တော်လေး ဆိုးရွားနေခဲ့ပြီး သူတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် (၆)ပွဲမှာ တစ်ပွဲကို (၂)ဂိုးအထိ ပေးထားခဲ့ရတဲ့ ပွဲက (၅)ပွဲအထိ ရှိထားခဲ့တာခင်ဗျာ။ ဒီနေ့မှာလည်း ဂိုးသွင်းခြေတွေ့နေတဲ့ အဲဗာတန်တိုက်စစ်ကို ဂိုးပေးရဦးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာပါ။ လက်ရှိအချိန်အထိတော့ ဒေးဗစ်လူးဝစ္စနဲ့ ချန်ဘာတို့ရဲ့ ခံစစ်က တည်ငြိမ်နေဆဲပဲ ခင်ဗျာ။

26 Min

အဲဗာတန်တိုက်စစ်မှူး ကဲလ်ဘတ်လီဝင် ကို တားဆီးခဲ့တဲ့ ဒေးဗစ်လူးဝစ္စရဲ့ အပြုအမူက ကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အဝါကတ်တော့မပြခဲ့ဘူး ခင်ဗျာ။ ဘောလုံးက အာဆင်နယ် ဂိုးပေါက်ဖက်မှာ တဝဲလည်လည်ဖြစ်နေတုန်းပါပဲ။

24 Min

အဲဗာတန်အသင်းရဲ့ ပွဲကြည့်စင်ဖက်မှာတော့ ဒီနေ့မှာမှ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ အန်ဆယ်လော့တီ ကို တွေ့နေရတယ်ခင်ဗျာ။ ဥရောပချန်ပီယံဆုဖလားတွေ ရယူခဲ့ဖူးတဲ့ နည်းပြ ဟာ အဲဗာတန်အသင်းကို နည်းပြဖို့ ရောက်လာခဲ့ပါပြီ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly