LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

Kick Off - 46 Min

အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲချိ်န်ဒုတိယပိုင်းပြန်လည်စတင်လိုက်ပြီ ခင်ဗျာ…။

Everton 0 – 0 Arsenal (HT)

အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပထမပိုင်းပွဲချိန်တွေကတော့ ဂိုးမရှိ၊ သရေနဲ့သာ ပြီးဆုံးသွားခဲ့ပါပြီ။ နှစ်သင်းစလုံးက ဂိုးကန်သွင်းခွင့်အနည်းငယ်သာ ရရှိခဲ့ပြီး ပွဲက အနည်းငယ် ပျင်းစရာဖြစ်နေခဲ့တာပါ။ ပွဲချိန်ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ ပုံစံအစစ်အမှန်အတိုင်း သွင်းဂိုးတွေ ကိုယ်စီ သွင်းနိုင်ကြမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Injury Times (+2)

ပထမပိုင်း (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၂)မိနစ် သတ်မှတ်ပေးထားတယ်ခင်ဗျာ။

45 Min

အာဆင်နယ်တိုက်စစ်မှူး မာတီနယ်လီ တစ်ယောက် တန်ပြန်တိုက်စစ်ကနေ ဂိုးကန်သွင်းခွင့်ရခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း သူ့ရဲ့ကန်ချက်က ဂိုးပေါက်မတည့်ခဲ့လို့ အာဆင်နယ်အသင်း နစ်နာသွားခဲ့ရပါတယ်။

အဲဗာတန် ကွင်းလယ်လူ ဒေးဗီးစ်ကတော့ အဝါကတ် အပြခံလိုက်ရပြီခင်ဗျာ။

44 Min

အဲဗာတန်ကွင်းလယ်လူ ဒေးဗီးစ်ရဲ့ ဖန်တီးပေးမှုကနေ တိုက်စစ်မှူး တိုဆန် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ကြိုးစားမှုက မိုးပေါ်ထောင်သွားခဲ့ပြန်တယ် ခင်ဗျာ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly